တောင်ကြီး စက်တင်ဘာ ၂၄
(၁/၂၀၂၁) ကြိမ်မြောက် ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ
ဒုတိယဥက္ကဋ္ဌ ဦးခွန်သိန်းမောင်က ယနေ့ကျင်းပသော အစည်းအဝေးသည်
ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားလူမျိုးစု (၃၃)မျိုးစု
မှီတင်းနေထိုင်လျက် ရှိပါကြောင်းနှင့် တိုင်းရင်းသားများ၏ ရိုးရာဝတ်စားဆင်ယင်မှု၊
ဓလေ့ထုံးတမ်း၊ လူမှုဘဝနေထိုင်မှုများသည် မတူကွဲပြားစွာ တည်ရှိနေပါကြောင်း၊
မတူကွဲပြားမှုများသည် ခရီးသွားလုပ်ငန်းအတွက် စိတ်ဝင်စားစွာ ဆွဲဆောင်နိုင်မည့်
အရင်းအမြစ်တစ်ခု ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၌
အကျယ်အဝန်းဆုံးပြည်နယ်တစ်ခုဖြစ်ပြီး နယ်မြေ၏အများစုသည် တောင်ကုန်း
တောင်တန်းများဖြင့် တည်ရှိနေသော ပြည်နယ်တစ်ခုဖြစ်ကာ တောင်ကုန်းတောင်တန်းများ
ဖြစ်တည်မှုအရ သဘာဝ လှိုဏ်ဂူများ၊ အလွန်လှပသည့် သဘာဝရေတံခွန်များ၊ ပေ(၇၀၀၀)အထက်မြင့်သော တောင်ထိပ်
များတွင် ရာသီချိန်ပွင့်သည့် တောင်ဇလပ်ပန်းများသည်လည်း ခရီးသွားလုပ်ငန်းအတွက်
ဆွဲဆောင်မှုဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်၏ နယ်နိမိတ်ထိစပ်မှုသည်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့တည်ရှိပြီး နှစ်နိုင်ငံ
နယ်စပ်ပေါက်များမှ ဝင်ရောက်လည်ပတ်နိုင်သည့် ခရီးသွားဆိုင်ရာ အခွင့် အလမ်းများလည်းရှိပါကြောင်း၊
မြန်မာ နိုင်ငံ၏ အဓိက ခရီးစဉ်ဒေသကြီး(၄)ခုဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊
အင်းလေးတို့အနက် အင်းလေးကန် ခရီးစဉ်ဒေသသည် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ပါဝင်လျက်ရှိပြီး
ကိုဗစ်-၁၉ ရောဂါမဖြစ်ခင် အခြေအနေတွင် ရှမ်းပြည်နယ်အတွင်း ပြည်တွင်းဧည့်သည်(၈)သိန်းနီးပါး၊
ပြည်ပဧည့်သည်(၄)သိန်းကျော် လာရောက်လည်ပတ်ကြပြီး နယ်စပ်ဒေသများမှ နေ့ချင်းပြန်
ဝင်ရောက်လည်ပတ်သော ပြည်ပဧည့်သည်(၂)သန်းခန့် ရှိပါကြောင်း၊ နိုင်ငံတော်၏
ပြောင်းလဲလာသည့် ဖွဲ့စည်းပုံနှင့်အညီ တိုင်းဒေသကြီး/ပြည်နယ်
ခရီးသွားလုပ်ငန်း ကော်မတီများကို ပြင်ဆင်ဖွဲ့စည်းကာ ကော်မတီမှာလည်း
အဖွဲ့ဝင်ပြောင်းလဲမှုရှိသလို ကော်မတီ၏ လုပ်ငန်းတာဝန်များကို အဖွဲ့ဝင်အသစ်များ
နားလည်သဘောပေါက်စေရန် အနည်းငယ်ရှင်းလင်း ပြောကြားလိုပါကြောင်း၊ ရှမ်းပြည်နယ်
ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်း ကော်မတီဝင်များ အနေဖြင့်လည်း ယခုအစည်းအဝေးတွင်
ရှမ်းပြည်နယ်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး အတွက် အကြံဉာဏ်ကောင်းများရှိပါက
ဆွေးနွေးအကြံပြုပေးကြပါရန် ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ဒေသဆိုင်ရာ
ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးထင်အောင်နိုင်က ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်
အစည်းအဝေးတွင် ဆုံးဖြတ်ချက်ရယူရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး အစည်းအဝေးတင်ပြချက်များအပေါ်
တက်ရောက်လာသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးတင်ပြ၍ တက်ရောက်လာသူများက အထွေထွေဆွေးနွေးကြကာ
ပြည်နယ်စီးပွားရေးရာဝန်ကြီး ရှမ်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ
ဦးခွန်သိန်းမောင်က နိဂုံးချုပ်စကားပြောကြား ကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)

No comments:
Post a Comment