Sunday, September 5, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး၊ သံရုံး၊ စစ်သံရုံး မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ

 



နေပြည်တော်၊ စက်တင်ဘာ ၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin နှင့် ကာကွယ်ရေး ဝန်ကြီးဌာနတွင် တွေ့ဆုံဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ စစ်သံမှူးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယကာကွယ်ရေးဝန်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။


အမြင်ချင်းဖလှယ်ဆွေးနွေး


ထိုသို့ တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည့်ကိစ္စရပ်များ၊ စစ်ဘက် နည်းပညာ၊ ပညာရေး၊ ကျန်းမာရေးနှင့် ကဏ္ဍပေါင်းစုံတွင် ရုရှားနိုင်ငံမှ ကူညီဆောင်ရွက်သွားမည့် အခြေအနေ များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယ ကာကွယ်ရေး ဝန်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် ခဲ့ကြသည်။


ရင်းရင်းနှီးနှီးတွေ့ဆုံ


ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးသို့ သွားရောက်၍ မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ရုံးတို့မှ မိသားစုများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဝေးလံသည့် နိုင်ငံရပ်ခြားတွင် နိုင်ငံတော်၏ တာဝန်များကို အတူတကွ လာရောက်ထမ်းဆောင်နေခြင်း ဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီ စောင့်ရှောက်ကြရန် လိုအပ်သည့်အခြေအနေများ၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး၊ နိုင်ငံ့အကျိုးစီးပွား တိုးတက်ရေးတို့အတွက် ကျရာ အခန်းကဏ္ဍမှ နိုင်ငံ့ဝန်ထမ်းကောင်း ပီသစွာဖြင့် နိုင်ငံတော်နှင့် မိမိဝန်ကြီးဌာအပေါ် သစ္စာရှိရှိဆောင်ရွက် ကြရမည်ဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

ထို့နောက် သံရုံး၊ စစ်သံရုံး မိသားစုများများအတွက် လက်ဆောင်ပစ္စည်းနှင့် ချီးမြှင့်ငွေများကို ပေးအပ်ရာ သံအမတ်ကြီး ဦးလွင်ဦးနှင့် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးတို့က လက်ခံရယူခဲ့ကြ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်

No comments:

Post a Comment