လားရှိုး စက်တင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့နယ်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် စားသောက်ကုန်များ ထောက်ပံ့ပေး အပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်း အချိန်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းခန်းမတွင် ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်ချုပ်နိုင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ
ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်မြို့နယ်(၆)မြို့နယ်ရှိပြည်သူများအား
နှာခေါင်းစည်း(Mask) (၆၀၀၀၀)ခု၊ PPE ဝတ်စုံ(၆၀၀)စုံ၊ hand gel (၁၂)ဖာ၊farsh (၆၀၀)၊
အရက်ပြန်(၁၂)ဖာ၊ ကြက်ဥ (၁၂၀၀၀)လုံး၊လက်အိတ်(၁၂)ဘူးနှင့်မြို့နယ်လေးမြို့နယ်အတွက်
Oxygen Concentrator (၄)လုံးနှင့်ဆေးဝါးများကို
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ထောက်ပံ့ ပေးအပ်ရာ တက်ရောက်လာကြသည့် မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်မြို့နယ်ဆရာဝန်ကြီးများက လက်ခံရယူခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးပစ္စည်းများနှင့်
စားသောက်ကုန်များကို မြို့နယ်များရှိ ပြည်သူများအတွက် လိုအပ်သည့်နေရာများတွင် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း
သိရသည်။
ဥမ္မာချို

No comments:
Post a Comment