Sunday, September 5, 2021

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆန်တစ်ပြည် ငွေကျပ် ၁၀၀၀ နှင့် ကြက်ဥတစ်လုံးကို ငွေကျပ် (၁၀၀)နှုန်းဖြင့် အိမ်တိုင်ရာ​ရောက် ဆက်လက် ရောင်းချပေး


 

ကော့ကရိတ် စက်တင်ဘာ

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများမှ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် စက်တင်ဘာလ ၁ရက်နေ့မှ စ၍ ကရင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြို့တွင်းသို့ ဆန်နှင့်ကြက်ဥတို့ကို စျေးနှုန်းသက်သာစွာဖြင့် လိုက်လံ ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီ အချိန်က မနောသုခ ဆန်တစ်ပြည်လျှင် ငွေကျပ် တစ်ထောင် နှင့်ကြက်ဥတစ်လုံးကို ငွေကျပ်တစ်ရာနှုန်းဖြင့် အမှတ် ()ရပ်ကွက်တွင်းသို့ လိုက်လံ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

 

ထိုသို့ ရောင်းချပေးရာတွင် မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်ကျော်ဦး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အမှတ်()ရပ်ကွက်အတွင်းရှိ တစ်အိမ်ထောင်လျှင် မနောသုခ ဆန်သုံးပြည်နှင့် ကြက်ဥ ၁၀လုံး နှုန်းဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ် - ၁၉ရောဂါ ညွှန်ကြားချက်နှင့်အညီ အိမ်တိုင်ရာရောက် လိုက်လံ ရောင်းချပေးလျက်ရှိသည်။

 

အလားတူ ကော့ကရိတ်မြို့၌ ကျန်ရှိသည့် ရပ်ကွက်နေပြည်သူများကိုလည်း သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

ခင်မျိုးဝင်း




No comments:

Post a Comment