Saturday, September 11, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများအား ပြည်ပမှ တင်သွင်းနိုင်ရေး ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

 




 နေပြည်တော် စက်တင်ဘာ ၁၁

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အတွက် အချိန်နှင့် တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီနှင့် တာချီလိတ် စခန်း (၄)ခု တို့မှ တင်သွင်း ရာ၌ ကုမ္ပဏီ (၁၆)ခု မှ ယာဉ်စီးရေ (၂၄)စီး ဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၂)စီးဖြင့် (၄၀) တန်၊ Storage Container/ Tank (၁) ခု၊ အောက်ဆီဂျင် (အရည်) Distributor (၁)ခု၊ အောက်ဆီဂျင်(အိုးခွံ) (၂၃၃၀)ခု၊ Oxygen Plant (၄)ခု၊ Oxygen Generator(၆)ခု၊ အိမ်သုံး Oxygen Concentrator (၁)ခု နှင့် နှာခေါင်းစည်း (Mask) (၄၅)တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် အရည် (Bowser)ယာဉ် (၂)စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant (၄)ခု မှာ ရန်ကုန်မြို့သို့ (၃)ခုနှင့် တန့်ယန်းမြို့သို့(၁)ခုတို့ ဖြစ်ကြောင်း သိရှိရသည်။

 

သြဂုတ်(၁) ရက်မှ စက်တင်ဘာ(၁၁)ရက်အတွင်း ယာဉ်စီးရေ(၁၇၀၂)စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၂၀၆၂) တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) (၄၉၄)တန်၊ အောက်ဆီဂျင် ဓါတ်ငွေ့(Bowser) ယာဉ်ဖြင့် (၂၀)တန်၊ အောက်ဆီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၇၄) တန်၊ Storage Container (၂၂) ခု၊ အောက်ဆီဂျင် (အရည်) Distributor (၁၀)ခု၊ အောက်ဆီဂျင်(အိုးခွံ) ခုရေ (၂ ဒသမ ၅)သိန်း ၊ Oxygen Plant (၁၄၇) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၃)ခု၊ Oxygen Generator (၄၂)ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ခုရေ (၁)သိန်း ၊ Test Kit ခုရေ (၂)သိန်း၊ PPE အစုံရေ (၁၁)သိန်း ၊ လက်အိတ် (၁၄၆)တန်နှင့် နှာခေါင်းစီး (Mask) (၃၉၆၆) တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။

 

သြဂုတ်(၁)ရက်မှ စက်တင်ဘာ(၁၁)ရက်အတွင်း ပြည်ပမှ တင်သွင်းလာသည့် အောက်ဆီဂျင် အရည်(Bowser) ယာဉ် စုစုပေါင်း(၉၄) စီးမှာ ရန်ကုန် သို့ (၇၄) စီး ၊ မန္တလေး သို့(၆)စီး ၊ မော်လမြိုင် (၄) စီး၊ နေပြည်တော် (၃) စီး၊ ပဲခူး (၃)စီး ၊ မုံရွာ (၂)စီး ၊ ပြည် နှင့် သံဖြူဇရပ်(၁)စီး စီ ဖြစ်ကြောင်း သိရှိရပါသည်။ Oxygen Plant စုစုပေါင်း (၁၄၇) ခုမှာရန်ကုန်မြို့သို့ (၇၈) ခု ၊ မန္တလေးမြို့ သို့(၁၇)ခု၊ လားရှိုး (၆) ခု ၊ ပဲခူး (၄) ခု ၊ မော်လမြိုင် (၄)ခု၊  မြစ်ကြီးနား (၄)ခု ၊ ကျောက်ပန်းတောင်း (၃)ခု ၊ မုံရွာ (၂) ခု ၊ မကွေး (၂) ခု ၊ ပခုက္ကူ (၂)ခု ၊ ဘားအံ (၂) ခု ၊  မင်းဘူး (၂) ခု ၊ နေပြည်တော်၊ မြင်းခြံ ၊ တောင်ကြီး ၊ မြစ်သား ၊ မိုးကောင်း ၊  သံဖြူဇရပ် ၊ ကျောက်တံခါး ၊ဝါးခယ်မ ၊ ထားဝယ်၊ ကွမ်းခြံကုန်း ၊စစ်တွေ၊ ဒေးဒရဲ၊ မြင်းမူ ၊ မုဒုံ၊ ပြည်၊ မိတ္ထီလာ၊ မအူပင်၊ မြောင်းမြ၊ ဝိုင်းမော်၊ တာချီလိတ် နှင့် တန့်ယန်းမြို့များသို့ (၁)ခု စီ ဖြစ်ကြောင်း သိရှိရသည်။

 

ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရသည်။

 

(သတင်းစဉ်)

No comments:

Post a Comment