Sunday, September 5, 2021

အမ်းမြိုနယ်၊ ညောင်ချောင်းကျေးရွာတွင် တစ်ရွာလုံးနီးပါး ချောင်းဆိုးခြင်း၊ အနံ့ပျောက်ခြင်း ဖြစ်နေသည်ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်းသိရ

 


 အမ်း စက်တင်ဘာ ၅

 

ရခိုင်ပြည်နယ် အမ်းမြိုနယ်အတွင်းရှိ ညောင်ချောင်းကျေးရွာတွင်၊ တစ်ရွာလုံးနီပါး ဖျားနာ၊ ချောင်းဆိုး၊ အနံ့ပျောက်လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများလိုအပ်နေကြောင်း လူနာများကိုဆေးစစ်ရန် ကိရိယာများမရှိသဖြင့် အခက်အခဲဖြစ်နေသည်ဟု facebook စာမျက်နှာတွင် ရေးသားထားကြောင်း တွေ့ရှိရသည်။

 


အဆိုပါ သတင်းနှင့်ပတ်သက်၍ အမ်းမြိုနယ် ညောင်ချောင်းကျေးရွာအုပ်စု ညောင်ချောင်းကျေးရွာတွင် အိမ်ခြေ(၃၁၆)အိမ်၊ အိမ်ထောင်စု(၃၂၃)စု လူဦးရေ(၁၂၅၇)ဦး နေထိုင်လျက်ရှိပြီး လက်ရှိတွင် သာမာန် ဖျားနာသူ(၂)ဦးသာရှိ၍ တစ်ရွာလုံးဖျားနာ၊ ချောင်းဆိုး၊ အနံပျောက်နေသည်ဆိုသည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် မြိုနယ် ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ ကျေးရွာတွင်ဆောင်ရွက်နေကြောင်း ညောင်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်လှကြည်နှင့် ၎င်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲမှ တာဝန်ရှိသူ တစ်ဦး တစ်ဦး၏ပြောကြားချက်အရ သိရသည်။

 

 

မြို့နယ်( ပြန်/ဆက်)

 

https://t.me/iprdrnd/7633

 

Subscribe to https://t.me/myanmarnewspaper

 

 

Subscribe to https://t.me/gnlmon

 

 

Subscribe to https://t.me/iprdrnd

No comments:

Post a Comment