ကျောက်ဖြူ စက်တင်ဘာ ၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျောက်ဖြူ ခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်ရှိ ပြည်သူ့ဆေးရုံများသို့ CITIC Group မှ လှူဒါန်းသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အောက်ဆီဂျင် အိုးများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကျောက်ဖြူခရိုင်
စီမံအုပ်ချုပ်ရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က အဖွင့်အမှာစကား
ပြောကြားပြီး၊ CITIC Group ကိုယ်စား ကျောက်ဖြူခရိုင ်ဖွံ့ဖြိုးတိုးတက်ရေး
ကော်ပရေးရှင်း အများပိုင်ကုမ္ပဏီလီမီတက်(KDDCO)မှ
ဦးကျော်ကျော်စိုးနှင့် ဦးလှမျိုးကျော်တို့က လှူဒါန်းရခြင်းနှင့် ပတ်သက်၍
ရှင်းလင်းပြောကြားခဲ့သည်။
CITIC Group မှလှူဒါန်းသည့်
Surgical Mask အခု(၂၀၀၀၀)၊
Oxygen Cylinder (40L) အလုံး(၁၅၀)၊
Flow Meter အခု(၁၅၀)၊ Oxygen Mask အခု (၁၅၀၀)၊ Trolley အစီး(၃၀) စုစုပေါင်း ခန့်မှန်းကာလတန်ဖိုး
ကျပ်(၅၃၃)သိန်း တန်းဖိုးရှိ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းရာ
ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြပြီး
ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။
အဆိုပါလှူဒါန်းရရှိသော
ပစ္စည်းများအား ကျောက်ဖြူခရိုင်ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံးကြီးရှိ ကိုဗစ်-၁၉ရောဂါ
ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် Surgical Mask (၅၀၀၀)ခု၊ Oxygen
Cylinder (40L) (၇၀)လုံး၊ Flow Meter (၇၀)ခု၊ Oxygen Mask အခု (၁၀၀၀)၊ Oxygen Cylinder Trolley (၁၅)စီး၊
ရမ်းဗြဲမြို့နယ်ပြည်သူ့ဆေးရုံသို့ Surgical Mask အခု(၅၀၀၀)၊ Oxygen
Cylinder (40L) (၂၅) အလုံး၊ Flow Meter (၂၅)ခု၊
Oxygen Mask
(၂၅၀)ခု၊ Oxygen Cylinder Trolley (၅)စီး၊ မာန်အောင်မြို့နယ် ပြည်သူ့ဆေးရုံသို့ Surgical Mask
အခု(၅၀၀၀)၊ Oxygen Cylinder (40L) (၄၀)
အလုံး၊ Flow Meter (၄၀)ခု၊ Oxygen Mask (၂၅၀)ခု၊ Oxygen Cylinder Trolley (၅)စီးနှင့်
အမ်းမြို့နယ် ပြည်သူ့ဆေးရုံသို့ Surgical Mask အခု(၅၀၀၀)၊ Oxygen
Cylinder (40L) (၁၅) အလုံး၊ Flow Meter(၁၅)ခု၊
Oxygen Cylinder Trolley (၅)စီးတို့ကို လှူဒါန်းပေး သွားဖြစ်ကြောင်း
ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ဖြိုးဝေလင်း၊ တင်ထွန်းဦး

No comments:
Post a Comment