Saturday, September 25, 2021

မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်

 


မိုင်းယန်း စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ  ကိုယ်ဝန်ဆောင် မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျေးရွာအရောက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့သည်။

ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်ဇင်ဦး၊ မြို့နယ်လူမူဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၁၀)ရွာမှ ကိုယ်ဝန်ဆောင်မိခင်(၄၀)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ်(၃၂)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်(၄၅၀၀၀)စီဖြင့် စုစုပေါင်းငွေကျပ်(၃၂၄၀၀၀၀)ကို ကျေးရွာ အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်တွင် ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂)အုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၉၈)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ်(၇၂)ဦးရှိကြောင်း မြို့နယ်လူမူဝန်ထမ်းဦးစီးဌာနမှ သိရသည်။

ခွန်ရဲထွေး(ပြန်/ဆက်)

No comments:

Post a Comment