Thursday, September 2, 2021

ဝါးခယ်မမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၂)နှစ်အောက်ကလေးများနှင့် ဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်


ဝါးခယ်မ   စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၂၆)အုပ်စုတို့တွင် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၂)နှစ်အောက် ကလေးများနှင့် ဘိုးဘွားများအား ယမန်နေ့ နံနက် ၁၀ နာရီက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမင်းထွဋ်နှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလွင်၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးမှူး ဒေါ်စန္ဒာနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့ရာ ရပ်ကွက်(၁၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇)စုတို့ရှိ ကိုယ်ဝန်ဆောင် မိခင်(၅၇၁)ဦးအား ငွေ (၂၅,၆၉၅,၀၀၀)ကျပ်၊ အသက်(၂)နှစ်အောက်ကလေး (၅၅၁) ဦးအားငွေ (၂၄,၇၉၅,၀၀၀)ကျပ်၊ အသက် (၈၅)နှစ် နှင့်အထက် ဘိုးဘွား(၂၉၁)ဦးအား ငွေ(၈,၇၃၀,၀၀၀) ကျပ်၊ စုစုပေါင်းငွေ(၅၉,၂၂၀,၀၀၀) ကျပ် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကျန်းမာရေးနှင့်အဟာရဖွံ့ဖြိုးမှုအစီအစဉ်အရ အထက်ပါ အတိုင်း ထောက်ပံ့ ရာတွင် ၂၀၂၀ ပြည့်နှစ် ဧပြီလ(၁)ရက်မှစ၍ ကိုယ်ဝန်ဆောင်သော မိခင်များနှင့် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁ ရက်မှစ၍မွေးဖွားသော အသက်(၂)နှစ်အောက်ကလေးများအား (၁)လလျှင် ငွေ (၁၅,၀၀၀)ကျပ်နှုန်းဖြင့် (၃)လစာ (၂၀၂၀ ပြည့်နှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) အတွက် (၁)ဦး လျှင်ငွေ (၄၅,၀၀၀)ကျပ်၊ လက်ရှိအသက်(၈၅)နှစ်နှင့်အထက်ဘိုး ဘွားများအား (၁)လလျှင်ငွေ (၁၀,၀၀၀)ကျပ်နှုန်းဖြင့် (၃)လစာ (၂၀၂၁ ခုနှစ် ဧပြီ၊ မေ၊ ဇွန်)အတွက် (၁)ဦးလျှင်ငွေ (၃၀,၀၀၀) ကျပ် တို့အား ထောက်ပံ့ခဲ့ခြင်း ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၉) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၂၆)အုပ်စုတို့တွင် ထောက်ပံ့မှုပြုလုပ်ရန် စာရင်းကောက်ယူထားသည့် ကိုယ်ဝန် ဆောင်မိခင် (၂၈၇၆)ဦး၊ အသက် (၂)နှစ်အောက် ကလေး(၂၉၃၅)ဦး၊ အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွား (၁၀၁၈)ဦးတို့ ဖြစ်ကြောင်း သိရပြီး ထောက်ပံ့မှုများကိုလည်း ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

စောသန္တာဦး


No comments:

Post a Comment