Friday, September 24, 2021

မိတ္ထီလာမြို့နယ် ကျောင်းရွာဘုန်းတော်ကြီးကျောင်းတွင် ကျောင်းဆောင်ပြုပြင်ဆောက်လုပ်ရန် လှူဒါန်းငွေ ၈ဝ သိန်းကျပ် ပေးအပ်လှူဒါန်း

  မိတ္ထီလာ စက်တင်ဘာ ၂၄

မိတ္ထီလာမြို့နယ် ကျောင်းရွာကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ အောင်သဇင်ကျောင်းဆောင် ပြန်လည် ပြုပြင် ဆောက်လုပ်ရန်အတွက် လှူဒါန်းငွေ ၈ဝ သိန်းကျပ်အား ယမန်နေ့နံနက် ၁ဝ နာရီအချိန်က နယ်စပ် ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းငွေများ ပေးအပ်လှူဒါန်းရာတွင်  ကျောင်းရွာဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တသုန္ဒရထံ သို့ လှူဒါန်းငွေ ၈ဝ သိန်းကျပ်ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ချမ်းသာ

No comments:

Post a Comment