နေပြည်တော် စက်တင်ဘာ ၂၄
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များက ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အလှူငွေများအား လာရောက်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ယနေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ စေတနာရှင်အလှူရှင်များက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမ၌ ငွေကျပ် သိန်းပေါင်း ၁၂၉၇၀ ကျပ်တိတိအား လာရောက်လှူဒါန်းကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး တို့ကလက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင် စကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment