နေပြည်တော်၊ စက်တင်ဘာ ၄
၂ဝ၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်တွင် ရန်ကုန် - အင်းစိန် မြို့ပတ်ရထားပေါ်၌ အကြမ်းဖက် လက်နက်ကိုင်များ အငိုက်ဖမ်းပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးကာ လက်နက်ခဲယမ်း အချို့ ဆုံးရှုံးခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်လည်ဖမ်းဆီး နှိမ်နင်းနိုင်ရေး ထိထိရောက်ရောက် ဆောင်ရွက်ခဲ့ရာ သတင်းဖော်ထုတ်ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် တာမွေမြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်ဒဂုံလမ်းတိုက် (၇)ကို စစ်ဆေးရာ ဆန်းမင်းအောင် (၂၄) နှစ်ကျော်ဝင်းစိုး (၃၃) နှစ်နှင့် ကောင်းပြည့်စုံဦး (၂၇) နှစ်တို့ကို Luger ကျည် ၄၃၇ တောင့်၊ လက်လုပ်သေနတ်ဒင်ပိုင်း ၅ ခု၊ စတီးပြောင်း ၄ ချောင်း တို့နှင့် လည်းကောင်း၊ ၇ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန် သစ်ရပ်ကွက်ဘုရင့်နောင်လမ်း၊ တိုက် (၂) ကို စစ်ဆေးရာ မမြတ်ဖြိုးပွင့် (၃၁)နှစ် ဇေယျာဖြိုး (ခ) တရုတ် (၃၂) နှစ် တို့ကို ဆုံးရှုံးသွားခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ငယ် ၄ လက်၊ ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ၅ ဦး၊ လက်နက်ခဲယမ်းများနှင့် ပစ္စည်းတို့အား သက်ဆိုင်ရာသို့ အပ်နှံထားရှိပြီး ဆက်စပ်တရားခံများဆက်လက် ဖမ်းဆီးရမိရေး စစ်ဆေးဆောင်ရွက်လျက်ရှိသည်။









No comments:
Post a Comment