မောင်တော စက်တင်ဘာ ၈
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊အဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
ဦးနေဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် မောင်တော မြို့၌ ကိုဗစ်- ၁၉ ရောဂါကူးစက် ပြန့်နှံ့မှု မရှိစေရေး အတွက် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊
အိမ်နီးချင်းနိုင်ငံတွင်လည်း ကိုဗစ်- ၁၉ ရောဂါပိုးအသစ် ထပ်မံ၍ တွေ့ရှိနေမှု အခြေအနေများ
၊ မြို့သန့်ရှင်းသာယာရေး နှင့် ယာဉ်စည်းကမ်း
၊ လမ်းစည်းကမ်းများကို သက်ဆိုင်ရာမှ စနစ်တကျ ဆောင်ရွက်စေလိုကြောင်း၊ (ပန်းခင်းစီမံချက်)
နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များမှ
ရပ်ကွက်/ကျေးရွာများ နှင့် ဈေးများတွင် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic
Test (RDT) ဖြင့် စစ်ဆေး ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့် တက်ရောက်လာသော ခရိုင်အဆင့် ဌာနဆိုင်ရာများက နယ်စပ်ကုန်သွယ်ရေး ကိစ္စရပ်များ၊ နယ်မြေ လုံခြုံရေး
ကိစ္စရပ်များ၊ မြို့နယ်အတွင်း လမ်းတစ်ချို့
ပျက်စီးယိုယွင်းနေမှု အခြေအနေများ၊ လမ်းတံတားများ ပျက်စီးနေမှုများကို သက်ဆိုင်ရာမှ
ဆောင်ရွက်နေမှု အခြေအနေ ကိစ္စများ ဝိုင်းဝန်းဆွေးနွေးကြရာ လိုအပ်သည်များကို ခရိုင်စီမံ
အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)
No comments:
Post a Comment