Friday, September 24, 2021

စိုက်ပျိုးမြေများအပေါ် အခြားနည်းလမ်းများဖြင့် အသုံးပြုခြင်းလုပ်ငန်းများကို ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ


နေပြည်တော် စက်တင်ဘာ ၂၄

နိုင်ငံတော်က ချမှတ်ထားသည့်  မြေယာမူဝါဒများနှင့်အညီ စိုက်ပျိုးမြေများအပေါ် အခြားနည်း လမ်းများဖြင့် အသုံးပြုခြင်းလုပ်ငန်းများအား ကြပ်မတ်ဆောင်ရွက်ရေး၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး ပြည်နယ်များအားလုံးတွင် စားနပ်ရိက္ခာနှင့် အာဟာရပြည့်ဝပြီး လူမှုစီးပွား အဆင့်အတန်း မြင့်မားရေးလုပ်ငန်းများတွင် လယ်ယာမြေကို ထိရောက်စွာ အသုံးပြုနိုင်ရေး လုပ်ငန်းများကို ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏  တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အွန်လိုင်းစနစ်ဖြင့် အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက အစည်းအဝေး တွင် ဆွေးနွေးဆောင်ရွက်ရမည့် လုပ်ငန်းများကို ဖတ်ကြားတင်ပြရာ အစည်းအဝေး တက်ရောက် လာကြသူများက လုပ်ငန်းတစ်ခုချင်းအလိုက် ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် တတိယအကြိမ်အဖြစ် ကျင်းပပြုလုပ်သည့် ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် စီမံကိန်းလုပ်ငန်းများ၌ အသုံးပြု ခဲ့ရသည့် လယ်ယာမြေများအတွက် နစ်နာကြေး၊ လျော်ကြေးပေးချေရန် ကိစ္စရပ်များကို လည်းကောင်း၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြလာသည့် လယ်ယာမြေအခြားနည်း အသုံးပြုခွင့် လုပ်ငန်းစာတွဲများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ခွင့်ပြုချက်မရမီ ကြိုတင်အသုံးပြု ထားသည့်အတွက် လယ်ယာမြေဥပဒေ ပုဒ်မ-၁၉ ပါ ပြဌာန်းချက်နှင့်အညီ ဒဏ်ကြေးငွေ အဆိုပြု လွှာများနှင့် ပတ်သက်၍လည်းကောင်း၊ အသုံးပြုခွင့်ရရှိထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများပေါ်တွင် အသုံးပြုခွင့်လျှောက်ထားစဉ်က အဆိုပြုတင်ပြခဲ့သည့် သီးနှံများအတိုင်း စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော တည်ငြိမ်စိုက်ပျိုးမြေများကို လယ်ယာမြေအဖြစ် သတ်မှတ်ပေး ရန် လယ်ယာမြေ ဥပဒေ ပုဒ်မ-၃၄ နှင့် လယ်ယာမြေ နည်းဥပဒေ ၃၅ ၊ ၃၆ တို့အရ လျှောက်ထား လာသည့် စာတွဲများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ လယ်ယာမြေဥပဒေ ပုဒ်မ-၂၈(က)အရ မူလစိုက်ပျိုးလျက်ရှိသည့် သီးနှံအမျိုးအစားမှ အခြားသီးနှံအမျိုးအစားသို့ ပြောင်းလဲစိုက်ပျိုးခွင့်ပြုရန် လျှောက်ထားလာသည့် စာတွဲများနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment