Monday, September 6, 2021

ရသေ့တောင်မြို့နယ်၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအတွက် နယ်မြေခံတပ်ရင်း တပ်ဖွဲ့မိသားမှ အလှူငွေများ ပေးအပ်

 


ရသေ့တောင်   စက်တင်ဘာ  

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါခံစားနေရသူများနှင့် အခြားလူနာများအတွက် အောက်ဆီဂျင်လိုအပ်မှုများ ဖြည့်ဆည်းပေးနိုင်ရေး အောက်ဆီဂျင် စက်ရုံ တည်ဆောက်ရေးအတွက် နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့မိသားမှ အလှူငွေများအား ယနေ့နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့သည်။

ထိုသို့ အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေများပေးအပ်လှူဒါန်းရာတွင် ရှေ့တန်းအမှတ်(၂၂) ခြေလျင်တပ်မဌာနချုပ် ကွပ်ကဲမှုအောက်ရှိ နည်းဗျူဟာများနှင့် နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ စစ်သည်မိသားစုများက ထည့်ဝင်လှူဒါန်းငွေကျပ်(၂၉)သိန်းအား ပေးအပ်လှူဒါန်းရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီ ဘဏ္ဍာရေးမှူး ဦးခင်သန်းမောင်တို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ရသေ့တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါခံစားနေရသူများနှင့် အခြားလူနာများအတွက် လိုအပ်သည့် အောက်ဆီဂျင်များအား လုံလောက်စွာဖြည့်ဆည်းပေးနိုင်ရေးအတွက် စေတနာရှင် ပြည်သူများ၏ ထည့်ဝင် လှူဒါန်းငွေများဖြင့် တစ်ရက်လျှင် ၄၀ လီတာဆံ့အိုး အလုံး ၃၀မှ ၄၀လုံးထိ ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင် စက်ရုံကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အောင်စံထွန်း(ပြန်/ဆက်)

No comments:

Post a Comment