အရာတော် စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ပရဟိတအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်
တိုင်းမှူးဗိုလ်မှူးချုပ်
ဖြိုးသန့်က
အဖွင့်အမှာစကား ပြောကြားရာတွင်
တပ်မတော်မှ နိုင်ငံတော်အာဏာကို အခြေအနေအရ ခေတ္တထိမ်းထားခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အာဏာကို
ထာဝရချုပ်ကိုင်သွားမည် မဟုတ်ဘဲ ယခုအခါ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို
ရှေ့ရှုဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်း သွားသည်နှင့် တပြိုင်နက်
လွတ်လပ်ပြီး တရားမျှတသော ရွှေးကောက်ပွဲ ကျင်းပပေးကာ အနိုင်ရပါတီအား
နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း၊
လက်ရှိဖြစ်ပေါ်လျက်ရှိသည့် ဆူပူအကြမ်းဖက်နေမှု ဖြစ်စဉ်များကြောင့် နယ်မြေလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား တိုးမြှင့်ဆောင်ရွက်နေသည့်
အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက်
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နိုင်မှ အရာတော်မြို့နယ်၏ ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး၊
မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးပြည့်ဖြိုးအောင်မှ လုံခြုံရေး ဆောင်ရွက်နေမှု အခြေအနေများ၊
မြို့မိမြို့ဖ ဦးကျော်ဝင်းက မြို့အခြေအနေများ၊ မြို့နယ်စည်ပင် အမှုဆောင်အရာရှိ
ဒေါ်ဝါဝါဆွေက မြို့သန့်ရှင်းသာယာရေး ဆောင်ရွက်နေမှုများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး
ဒေါက်တာထင်ကျော်က ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့်
လက်ထောက်ဆရာဝန် လိုအပ်နေမှု
အခြေအနေများကို
တင်ပြခဲ့ပြီး နယ်မြေခံတပ်ရင်း ဗိုလ်မှူးကြီးမြင့်နိုင်ဦးက လတ်တလော ဖြစ်ပေါ်နေသော
အခြေအနေများကို ခြုံငုံသုံးသပ် ဆွေးနွေးတင်ပြခဲ့ရာ တိုင်းမှူးမှ
တင်ပြချက်များကို ပြန်လည်
ဆွေးနွေးကာ
လိုအပ်ချက်များကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တင်ပြကူညီပေးသွားမည် ဖြစ်ကြောင်း
ပြောကြားခဲ့သည်။
အခမ်းအနားသို့ အရာတော်မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊
မြို့မိမြို့ဖများ၊ ပရဟိတအဖွဲ့များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီး၌ တိုင်းမှူးက အရာတော်မြို့နယ် ပြည်သူ့ဆေးရုံတွင်
တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေး
ဝန်ထမ်းများအတွက်
စားသောက်စရာများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူမျာက လက်ခံရယူ ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:
Post a Comment