Sunday, September 5, 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လုပ်သားပြည်သူများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုအခြေအနေ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်


 နေပြည်တော်၊ စက်တင်ဘာ  

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်မှု အခြေအနေ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမျူးဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြား ကြသည်။ ထို့နောက် တက်ရောက်လာကြသူများက ကာကွယ်ဆေးရရှိမှု၊ ဖြန့်ဝေမှု၊ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု၊ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိမှု၊ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားရာ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

No comments:

Post a Comment