သံတွဲ စက်တင်ဘာ ၂၅
သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးများကို ဦးတည်အုပ်စု များအလိုက် ထိုးနှံလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံထားသည့် အသက်(၉၄)နှစ်အရွယ် အဖိုးတစ်ဦး၏ ရင်တွင်းစကားသံများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်ရုံး ဝန်ထမ်းများ က ယမန်နေ့ နံနက်ပိုင်းက သွားရောက်မေးမြန်းခဲ့ရာ ယခုကဲ့သို့ဖြေကြားခဲ့ပါသည်-
မေး။ မင်္ဂလာပါ အဖိုး ။ အဖိုးရဲ့ အမည်၊ အသက်နှင့် နေရပ်လိပ်စာလေးကို
ပြောပြပေးစေချင်ပါတယ် ခင်ဗျာ။
ဖြေ။ အဖိုးနာမည် ကတော့ - ဦးကျော်ကြီးပါ။ အသက်ကတော့(၉၄)နှစ်ရှိပါပြီ။
နေတာကတော့ အမှတ်(၄) ရပ်ကွက်၊ ဂန္ဓမာလမ်း၊ ကျုံးတွင်းရပ်၊ သံတွဲမြို့မှာနေပါတယ်။
မေး။ လက်ရှိကမ္ဘာနဲ့အဝန်းဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး
အဖိုးဘယ်လိုမြင်ပါလဲခင်ဗျာ။
ဖြေ။ ပြောရမယ်ဆိုရင်တော့ ကမ္ဘာ့ကပ်ရောဂါပေါ့။ ဟိုအရင်
အဖိုးတို့ငယ်ငယ်တုန်းကလည်း ပုလိပ်ရောဂါ၊ ကျောက်ရောဂါတွေဖြစ်ကြလို့ လူတွေအသေအပျောက်များခဲ့တာ
တွေ့ရပါတယ်။ နောက်ပိုင်း ကာကွယ်ဆေးတွေ ပေါ်လာတော့ ဒီရောဂါဆိုးတွေကို လူသားတွေက အနိုင်ယူထိန်းချုပ်
နိုင်ခဲ့တာကို တွေ့ရပါတယ်။ အခုလည်း နိုင်ငံတော်အစိုးရက ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို
သတ်မှတ် ဦးတည်အုပ်စုအလိုက် လိုက်လံထိုးနှံနေတော့ ဒီရောဂါဆိုးကြီးဟာ မကြာခင်ကမ္ဘာက ပျောက်ကွယ်
သွားမယ်လို့ထင်ပါတယ်။
မေး။ အဖိုးအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးပြီလို့
သိရပါတယ်။ ကာကွယ်ဆေး ထိုးနှံဖြစ်ပုံကို ပြောပြပေးစေချင်ပါတယ်။
ဖြေ။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဟာ အလွန်ကြောက်စရာ ကောင်းပါတယ်။
သေဆုံးမှုများပါတယ်။ များသော အားဖြင့် သက်ကြီးရွယ်အိုပိုင်းနှင့် ရောဂါအခံရှိသူတွေ
သေဆုံးမှုများပါတယ်။ ဘာကြောင့် ဒီလိုပြောနိုင်လဲ ဆိုရင် အဖိုးက ရေဒီယိုအမြဲနားထောင်တယ်။
သူများပြောတဲ့ သတင်းတွေကိုလည်း သိပ်မယုံဘူး။ ချင့်ချိန်ပြီးမှ ယုံတယ်။ နိုင်ငံခြားမှာလည်း
သက်ကြီးရွယ်အိုတွေကို ကာကွယ်ဆေး ထိုးနှံနေတယ်။ အဖိုးတို့ နိုင်ငံမှာလည်း အသက်အရွယ်ကြီးသူတွေကို
ဦးစားပေးထိုးပေးနေတယ်။ အဖိုးကလည်း ထိုးချင်နေတော့ နိုင်ငံတော်အစိုးရက ဦးတည်အုပ်စုများအလိုက်
ထိုးနှံပေးတော့ အဖိုးလည်းထိုးဖြစ်သွားပါတာပေါ့။
မေး။ ဆေးထိုးပြီးတဲ့အချိန်မှာ ဘယ်လိုခံစားရပါသလဲ အဖိုးခင်ဗျာ။
ဖြေ။ ဆေးထိုးပြီးတဲ့အချိန်မှာ ဘယ်လိုခံစားရပါသလဲဆိုရင်
အဖိုးတို့ ဆေးထိုးပြီးသူတွေကို ကျန်းမာရေး ဝန်ထမ်းတွေက နာရီဝက် ခန့်စောင့်ကြည့်ပြီးမှ
ပြန်ခိုင်းပါတယ်။ အဖိုးအနေနဲ့ဘာမှမဖြစ်ပါဘူး။ ပုံမှန် အတိုင်းပါဘဲ။ စိတ်ထဲမှာ ခံစားရတာတစ်ခုက
ငါဆေးထိုးပြီးသွားပြီ။ ငါကိုဗစ်-၁၉ ရောဂါကို အနိုင်ယူ နိုင်ပြီ။ ကိုဗစ်-၁၉ ကာလဆိုးကြီးကို
အေးအေးဆေးဆေး ဖြတ်သန်းလို့ရပြီလို့ ခံစားရပါတယ်။
မေး။ ကာကွယ်ဆေးထိုးနှံရာမှာ ပါဝင်ဆောင်ရွက်နေသူတွေကို
ဘာများပြောချင်ပါလဲ အဖိုးခင်ဗျာ။
ဖြေ။ စပြောရမယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရဲ့အခန်းကဏ္ဍကိုပါ
ထည့်ပြောရမှာဖြစ်ပါတယ်။ အဖိုးကို ဆေးထိုးဖို့စာရင်းလာကောက်တာမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်
အဖွဲ့ကိုလည်း ထည့်ပြောရမှာဖြစ်ပါ တယ်။ အဖိုးတို့ကို သတ်မှတ်စုရပ်နေရာကို သွားဖို့လာပြောပါတယ်။
အဖိုးက သတ်မှတ်ရက်ကို အိမ်က မြေးနဲ့သွားဖြစ်ပါတယ်။ စုရပ်နေရာမှာ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ၊
မီးသတ်တပ်ဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေက လိုလေးသေးမရှိ
ကူညီပေးနေတာတွေ့ရတော့ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဟိုရောက်တော့ ကျန်းမာရေးဝန်ထမ်း တွေက
သွေးပေါင်ချိန်တာတွေ၊ လိုအပ်တဲ့ကျန်းမာရေး စစ်ဆေးတာတွေကို လုပ်ဆောင်ပေးပါ တယ်။အဖိုးတို့
သက်ကြီးရွယ်တွေဆို စောင့်ဆိုင်းစရာမလိုဘူးပေါ့။
မေး။ အဖိုးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲခင်ဗျာ။
ဖြေ။ အခုလို နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူတွေ ကိုဗစ်-၁၉
ရောဂါဆိုးကြီးမှ ကင်းဝေးအောင် ကာကွယ် ဆေးထိုးနှံနိုင်အောင် စီစဉ်ပေးလို့ ကျေးဇူးတင်ပါတယ်။
ဒီဆေးက မိမိအစီအစဉ်နဲ့ ဝယ်ယူထိုးနှံ လို့ရတဲ့ ဆေးမဟုတ်ပါဘူး။ လူတိုင်းထိုးထားသင့်ပါတယ်။
ဆေးထိုးပြီးရင်လည်း ကျန်းမာရေးဝန်ကြီး ဌာနရဲ့ လမ်းညွှန်ချက်များနှင့်အညီ နေထိုသွားလာကြရင်
ဒီကပ်ရောဂါဆိုးကြီးမှ ကင်းလွတ်သွားကြ မယ်လို့ ယုံကြည်ပါတယ်။ ဒီနှစ်ဆိုရင် ကပ်ရောဂါဆိုးကြီးကို
ရင်ဆိုင်ရတာ(၂)နှစ်ရှိပါပြီ။ စီးပွားရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍတွေ ဘယ်လောက်နစ်နာနေကြပြီလဲဆိုတာ
လူတိုင်းသိသင့်ပါတယ်။ လူတိုင်း ဆေးထိုးပြီး ရောဂါကင်းဝေးအောင်နေကြရင် မကြာခင် ပုံမှန်အနေထားကို
ပြန်လည် ရောက်ရှိလာမှာ ဖြစ်တဲ့အတွက် လူတိုင်း ဆေးထိုးကြဖို့ လိုတယ်လို့ပြောလိုပါတယ်။
အဖိုးတို့သံတွဲမှာ ဆိုရင်လည်း လူတိုင်း ဆေးလာ ထိုးကြတာသိရလို့ ဝမ်းသာပါတယ်လို့ဘဲ ပြောလိုပါတယ်။
ဟုတ်ကဲ့ပါ- အဖိုးခင်ဗျာ ။ အဖိုးရဲ့အသက်အရွယ်နဲ့ ယခုလိုပြည့်ပြည့်စုံစုံ
ဖြေကြားပေးသွားတဲ့ အတွက် အဖိုးကို ကျနော်တို့အဖွဲ့က ကျေးဇူတင်ပါကြောင်းပြောလိုပါတယ်။
ညီနိုင်းထက် (ခရိုင်ပြန်/ဆက်)

No comments:
Post a Comment