နေပြည်တော် ဩဂုတ် ၁၉
အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ (SEACEN Centre) က ကြီးမှူးကျင်းပသည့် SEACEN
Virtual High-Level Seminar and Meeting of Deputy Governors of Financial
Stability and Supervision ဒုတိယဥက္ကဋ္ဌများ၏ အစည်းအဝေးကို ယမန်နေ့ နံနက်
(၇) နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေး၌ ၂၀၂၁ ခုနှစ်အတွက် SEACEN Virtual High-Level Seminar တွင် FinTechs and Big Techs တို့နှင့်ပတ်သက်၍ United States Department of the Treasury မှ ဒါရိုက်တာ Mr. James Freis က လည်းကောင်း၊ Data များ စီမံခန့်ခွဲမှု၊ တွေ့ကြုံရသည့် အခက်အခဲများ၊ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ဘဏ်လုပ်ငန်းဆိုင်ရာ ဆုံးရှုံးနိုင်ခြေများ၊ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ် လာနိုင်သည့် ဆုံးရှုံးနိုင်ခြေများ၊ ဗဟိုဘဏ်များ၏ ဒီဂျစ်တယ် ငွေကြေး ဆောင်ရွက်မှုများ၊ Recent Cyber Attacks ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဘာသာရပ်ဆိုင်ရာ ပညာရှင်များကလည်းကောင်း တင်ပြဆွေးနွေးရာ တက်ရောက်လာကြသည့် ဗဟိုဘဏ်အသီးသီးမှ ဒုတိယဥက္ကဋ္ဌများနှင့် အဆင့်မြင့် ကိုယ်စားလှယ်များက အမြင်ချင်းဖလှယ် ဆွေးနွေးပြောကြားသည်။
ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ ၂၀၂၁ ခုနှစ်အတွင်း SEACEN မှ ကြီးမှုး ကျင်းပသည့် Financial Stability and Supervision နှင့် ပတ်သက်သည့် သင်တန်း များ၊ သုတေသနစီမံကိန်းများ၊ လတ်တလော ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများ၊ လာမည့် ၂၀၂၂ ခုနှစ်တွင် ကျင်းပရန် ရည်ရွယ်ထားသည့် Financial Stability and Supervision နှင့် ပတ်သက်သည့် သင်တန်းများ၊ သုတေသနစီမံကိန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment