Tuesday, August 24, 2021

ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာတွင် RC နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီး

 နေပြည်တော် ဩဂုတ် ၂၄

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၂၂၆ ဒသမ ၄၃၇ သန်းဖြင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာ၊ အထက်တန်း ကျောင်းခွဲတွင် ပေ ၁၂၀ x ၃၀ RC နှစ်ထပ် ကျောင်းဆောင်သစ် ၁ ဆောင်နှင့် ပညာရေး ဝန်ထမ်းနေအိမ် ၂ လုံး တည်ဆောက်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့မှုကြောင့် ချောင်းတောင် ကျေးရွာရှိ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၏ ပညာသင်ကြားရေးအတွက် များစွာ အထောက်အကူ ပြုမည်ဖြစ်ကြောင်း သိရှိရသည်။

(သတင်းစဉ်)

No comments:

Post a Comment