
ဖျာပုံ ဩဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်(၁၁) နာရီ အချိန်က ဖျာပုံမြို့ ကုတင်၂၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ပြီး ဖျာပုံမြို့ အမှတ်(၇)ရပ်ကွက် သံသရာခရီးသည် လူမှုကူညီရေး အသင်း (ဖျာပုံ) မှ Oxygen ထုတ်လုပ်ရေးစက်ရုံအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဖျာပုံမြို့ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ၊PPEဝတ်စုံ (၁၄၃)စုံအပါအဝင် ကိုဗစ်-၁၉ တစ်ကိုယ်ရေသုံးကာကွယ်ရေးပစ္စည်းများ စုစုပေါင်း(၁၂)မျိုးအား ပေးအပ်လှူဒါန်းရာ၊ ဖျာပုံခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မာစိုးနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဖျာပုံပြည်သူ့ဆေးရုံကြီးရှိ Oxygen စက်ရုံအား သွားရောက်ကြည့်ရှုကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖျာပုံမြို့၊အမှတ်(၇)ရပ်ကွက်ရှိ သံသရာခရီးသည် လူမှုကူညီရေးအသင်း(ဖျာပုံ)ရုံးသို့ မြို့သူမြို့သားများ စုပေါင်းလှူဒါန်းထားသည့် ငွေကျပ်သိန်း(၁၃၉၀/-)တန်ဖိုးရှိ Oxygen စက်အသစ်တပ်ဆင်ထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး၊PPE ဝတ်စုံများ လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်
No comments:
Post a Comment