Saturday, August 14, 2021

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် Oxygen concentrator များနှင့် အောက်ဆီဂျင်အိုး များအား တိုင်းကျန်းမာရေး ဦးစီးဌာနသို့ ဒုတိယအကြိမ်လွှဲပြောင်းပေးအပ်

 


                                                                               ပုသိမ်      သြဂုတ်   ၁၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနသို့ Oxygen concentrator အလုံး(၅၀) နှင့် အောက်ဆီဂျင် 40L အိုး အလုံး(၁၀၀)အား ဒုတိယအကြိမ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို  ယမန်နေ့ နံနက်၉နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ကျင်းပရာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က  အဖွင့်အမှာစကားပြောကြားခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက Oxygen Concentrator  အလုံး(၅၀) နှင့် အောက်ဆီဂျင် 40L အိုး အလုံး(၁၀၀) အား တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြား ခဲ့သည်။ 

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 ယခုဒုတိယအကြိမ်လွှဲပြောင်းပေးအပ်ပွဲတွင်  ငွေကျပ်(၁၇၈၅)သိန်းတန်ဖိုးရှိ  Oxygen Concentrator အလုံး(၁၀၀) မှလွှဲပြောင်းရန် ကျန်ရှိသော Oxygen Concentrator  အလုံး(၅၀) နှင့် ငွေကျပ်သိန်း(၃၀၀၀) တန်ဖိုးရှိ အောက်ဆီဂျင် 40L အိုး အလုံး(၁၀၀၀)မှ လွှဲပြောင်းရန်ကျန်ရှိသော အောက်ဆီဂျင် 40 L အိုး အလုံး(၁၀၀) အား လွဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

ကိုတွတ်

 

            (09250077900)

No comments:

Post a Comment