နမ္မတူ ဇူလိုင် ၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ နမ္မတူမြို့နယ် (IDP)စခန်း (၃)ခုရှိ တိုက်ပွဲရှောင်ပြည်သူ များအား အခြေခံစားသောက်ကုန် (၄)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ဇူလိုင်လ (၅)ရက်နေ့ နံနက်(၉)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့လယ်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင်
နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးစိုးရာဇာလင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာနမှ တာဝန်ခံဒေါ်မြတ်သူနှင်းနှင့်
မြို့နယ်တိုက်ပွဲရှောင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်တို့က
ကြူဆော့ (IDP) စခန်း၊ ကချင် (IDP) စခန်း၊ လီဆူ (IDP) စခန်းတို့ရှိ တိုက်ပွဲရှောင်ပြည်သူတို့အတွက်
တစ်အိမ်ထောင်လျှင် ဆီ (၁)ပိဿာ၊ ကုလားပဲ (၁)ပိဿာ၊ ဆား (၅၀)သားနှုန်းဖြင့် စုစုပေါင်းအိမ်ထောင်စု
(၁၂၂)စုအတွက် ဆီ (၁၂၂)ပိဿာ၊ ကုလားပဲ (၁၂၂)ပိဿာ၊
ဆား (၆၁)ပိဿာနှင့် လူဦးရေ (၅၅၅)ဦးတို့အတွက် တစ်ဦးလျှင် ဆန်နိုဆီဘူး(၂၈)ဘူးနှုန်းဖြင့်
စုစုပေါင်း ဆန်အိတ် (၈၁)အိတ်အား တိုက်ပွဲရှောင်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း
မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံဒေါ်မြတ်သူနှင်းထံက
သိရသည်။
အလားတူ
မန်တုံမြို့နယ် မြို့မကတ်သလစ် (IDP)စခန်းနှင့် ကချင် (IDP) စခန်းတို့ရှိ တိုက်ပွဲရှောင်ပြည်သူ
အိမ်ထောင်စု (၅၇)စု လူဦးရေ (၃၀၀)ဦးတို့အတွက် ဆီ (၅၇)ပိဿာ၊ ကုလားပဲ (၅၇)ပိဿာ၊ ဆား (၅၇)ပိဿာနှင့်
ဆန် (၄၄)အိတ်အား ဆက်လက်ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
လူမော်
(ပြန်/ဆက်)

No comments:
Post a Comment