Friday, August 13, 2021

လားရှိုးမြို့ Freedom Volunteer (ပရဟိတ) လူမှုကူညီရေးအသင်းနှင့် တွေ့ဆုံမေးမြန်းမှုများ

 



 

 လားရှိုး ဩဂုတ် ၁၃

မေး။   မင်္ဂလာပါရှင့်။ လူကြီးမင်းနာမည်နှင့် အသင်းအဖွဲ့နာမည်ကိုသိချင်ပါတယ်ရှင့်

ဖြေ။    ကျွန်တော့်အမည်ကတော့ ဦးစိုင်းညီညီဟန်ဖြစ်ပါတယ်။  ကျွန်တော့အသင်းရဲ့အမည်ကတော့ Freedom Volunteer ဖြစ်ပါတယ်ခင်ဗျာ။

 

မေး။ ဒီအသင်းကိုစတင်တည်ထောင်ခဲ့တဲ့ခုနှစ်နဲ့ဒီအသင်းမှာပါဝင်ဆောင်ရွက်နေတဲ့အဖွဲ့ဝင်ဦးရေကို သိပါရစေရှင့်။

 

ဖြေ။    ကျွန်တော်တို့အသင်းကို (၁၅-၁၁-၂၀၂၀)ရက်နေ့မှ အသင်းအဖွဲ့ညီနောင်(၅)ဖွဲ့နှင့်အတူ တည်ထောင်ခဲ့ ပါတယ်။ မော်တော်ယာဉ်(၈)စီး၊ အသင်းသား(၂၆)ဦးနဲ့အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး များကိုဆောင်ရွက်ခဲ့ပါတယ်ခင်ဗျာ။

 

မေး။   ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်အတွင်းမှာ လူကြီးမင်းတို့အသင်းအနေနဲ့ ကူညီအားဖြည့် ဆောင်ရွက်မှုများကို သိပါရစေရှင့်။

 

ဖြေ။    ကျွန်တော်တို့ လားရှိုးမြို့ ရပ်ကွက်ကြီး(၉)၊ (၁၀)၊ (၁၁)၊ ရပ်ကွက်ကြီး(၃)ရပ်ကွက်မှ Swab သယ်ပို့ဆောင်ရေး၊ Positive လူနာသယ်ယူပို့ဆောင်ရေးနှင့် Dead Body သယ်ယူပို့ ဆောင်ခြင်းနှင့် Oxygen ပေးဝေရေးတို့မှာ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်ခင်ဗျာ။

 

မေး။   လူကြီးမင်းတို့အသင်းအနေနဲ့ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ဆေးရုံနှင့် ရပ်ကွက်များ အတွင်း ကူညီဆောင်ရွက်ပေးမှုကို သိပါရစေရှင့်။

 

ဖြေ။    Positive လူနာများကို ဆေးရုံများသို့ ပို့ဆောင်တဲ့ တာဝန်ကိုယူဆောင်ထားပါတယ်။ ဒါ့အပြင် ပညာရေး ကောလိပ်မှာရှိတဲ့ ဆေးရုံဆင်းလူနာများကိုလည်း နေအိမ်အသီးသီးသို့ ပို့ဆောင် ပေးလျက်ရှိပါတယ်။ ရပ်ကွက်အတွင်း Positive လူနာများထွက်ရှိလာရင်လည်း သက်ဆိုင်ရာ ဆေးရုံနှင့် Qurantine Centre များသို့ ပို့ဆောင်ပေးပါတယ်။

 

မေး။   ပရဟိတလုပ်ငန်များ ဆောင်ရွက်တဲ့အခါမှာတွေ့ကြုံရတဲ့အခက်အခဲများကိုလည်း သိပါရစေ ရှင့်။

 

ဖြေ။    ပထမပိုင်းမှာတော့ ငွေရေးကြေးရေးအခက်အခဲနှင့် စက်သုံးဆီအခက်အခဲများကို ရင်ဆိုင်ခဲ့ ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဒီအခက်အခဲများကို ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီမှ အစည်းအဝေးခေါ်ယူပြီး တရားဝင်ဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့ဖြစ်တဲ့အတွက် လိုအပ်တဲ့စက်သုံးဆီ၊ ကာကွယ်ရေးသုံးပစ္စည်းများကို ကူညီပေး တဲ့အတွက် အသင်းအတွက် အဆင်ပြေလာပါတယ်။ ခုချိန်ထိတော့ ပြည့်စုံတယ်လို့ သတ်မှတ်လို့မရသေးပါဘူး၊ လားရှိုးမြို့အတွက် ကူညီ ဆောင်ရွက်ပေးသွားမယ်လို့  သန္နိဌာန် ချထားပါတယ်ခင်ဗျာ။

 

မေး။   အသင်းအနေနဲ့ ရှေ့ဆက်ပြီးဆောင်ရွက်သွားမယ့်လုပ်ငန်းများရှိရင်လည်းသိပါရစေရှင့်။

 

ဖြေ။    လက်ရှိမှာတော့ ကိုဗစ်အတွက်လုပ်ငန်းများကို အဓိကဆောင်ရွက်နေသလို ကိုဗစ် ပြီးသွားရင် လည်း လူမှုကူညီရေးလုပ်ငန်းတွေကို ဆက်ပြီးပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ထား ပါတယ်။

 

မေး။   လူကြီးမင်းအသင်းအဖွဲ့ကိုယ်စားဖြည့်စွက်ပြောကြားပေးပါအုံးရှင့်။

 

ဖြေ။ ကျွန်တော်တို့အဖွဲ့အနေနဲ့ ကိုဗစ်လုပ်ငန်းများကိုသာမကဘဲ အခြားလုပ်ငန်းများကျန်ရှိနေပါ သေးတယ်၊ ရန်ပုံငွေမပြည့်စုံသေးတဲ့ ရန်ပုံငွေများနဲ့ရပ်တည်ထားသလို ပြည်သူများကလည်း တတ်နိုင်တဲ့ဘက်က ကူညီပံ့ပိုးပေးကြပါလို့ ပြောကြားလိုပါတယ်။

 

ဒေါ်ဥမ္မာချို

No comments:

Post a Comment