လှည်းကူး သြဂုတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လတ်တလော ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် အောက်ဆီဂျင်လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အောက်ဆီဂျင်များ နေ့စဉ်အခမဲ့ဖြန့်ဝေ ဆောင်ရွက်ပေးလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့်
ထုတ်ယူရရှိသော အောက်ဆီဂျင်အိုးများကို လှည်းကူးမြို့နယ်အတွင်းရှိ အောက်ဆီဂျင် အမှန်တစ်ကယ်
လိုအပ်လျက်ရှိသောနေရာများသို့ ခွဲဝေပေးအပ်ခြင်း ဖြစ်ကြောင်း မြို့နယ်အောက်ဆီဂျင် ထောက်ပံ့ရေးအဖွဲ့
ထံက သိရသည်။
ထိုသို့
ဖြန့်ဝေပေးရာတွင် လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ စုရပ်ပြုဆောင်ရွက်ပေးခြင်းဖြစ်ပြီး
ပြည်သူ့ဆေးရုံကြီးတွင် ကုသရေး လုပ်ငန်းများ၌ အသုံးပြုရန် အောက်ဆီဂျင်(၄၀)လီတာအိုး
(၂၀)လုံးနှင့် မြို့နယ်အတွင်းရှိ အောက်ဆီဂျင်
အမှန်တစ်ကယ် လိုအပ်သော လူနာများအသုံးပြုနိုင်ရန်အတွက် အောက်ဆီဂျင်(၄၀) လီတာအိုး (၁၀)လုံးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့်
ပရဟိတအဖွဲ့များထံ နေ့စဉ်ခွဲဝေပေးလျက်ရှိကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)

No comments:
Post a Comment