ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဘက်စုံအသုံးပြုနိုင်ရန် အတွက် အလှူငွေများပေး အပ်လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ
လှူဒါန်းရာတွင် မြို့ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဘက်စုံ
အသုံးပြုနိုင်ရန်အတွက် မိုင်းဖြတ်မြို့၊ နဂါးသတ္တုတူးဖော်ရေးကုမ္မဏီ၊ မိုင်းယောင်း-မိုင်းယု(၂၄)နာရီ
မီးလင်းရေး လုပ်ငန်းအဖွဲ့မှ ငွေကျပ် ၂ သိန်း၊ ဟယ်လိုမွန်းမြန်မာကုမ္မဏီမှ ဦးစိုင်းဥာဏ်လင်းထွန်းမှ
ငွေကျပ် ၂ သိန်း၊ မိုင်းယောင်းမြို့နယ်မှ ဦးစိုင်းထွန်း(မိသားစု)မှ ငွေကျပ် ၂ သိန်း၊
စုစုပေါင်း အလှူငွေကျပ်(၆)သိန်းတိတိကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့ကိုဗစ်-၁၉ရောဂါကာကွယ်၊
ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်ပြည့်ဖြိုးက လက်ခံရယူခဲ့သည်။
မိုင်းယုမြို့မှာ
ကိုဗစ်-၁၉ရောဂါဖြစ်ပွားခဲ့သူ ယနေ့ထိ အတည်ပြု လူနာ(၃၂)ဦးထိရှိခဲ့ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာလို့
ဆင်းရုံဆင်းခွင့်ရရှိသူ စုစုပေါင်း(၂၃)ဦးရှိခဲ့ကြောင်း၊ ဆက်လက် ဆေးကုသမှု ခံယူနေသူ(၉)ဦးကျန်ရှိနေသေးကြောင်းနှင့်
အလှူရှင်တို့၏ လှူဒါန်းငွေများအား မိုင်းယုမြို့
ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အတွက် လိုအပ်သည့်နေရာများတွင်
ဘက်စုံအကျိုးရှိစွာ အသုံးပြုသွားမည်ဖြစ်ပါကြောင်း မြို့ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊
ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ထံမှ သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)
No comments:
Post a Comment