နေပြည်တော်၊ ဩဂုတ် ၂၇
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ
အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင်
သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့်
လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေး
စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင် မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ရှိ
မဟာခေမိကာရာမရွှေကျင်စာသင်တိုက်၊ မန္တလေး တိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ကုသိုလ်တော်ရိပ်သာ
ပရိယတ္တိ စာသင်တိုက်နှင့် သာစည်မြို့နယ်ရှှိ ကြာကန်ကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့်
သာသနာနွယ်ဝင် သီလရှင်များ အား ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉
ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ နဝကမ္မ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို
သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့
ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment