ပုလော သြဂုတ် ၁
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အသက်(၆၅) နှစ်အထက် ဘိုးဘွားများကို တရုတ်နိုင်ငံထုတ် SinoPharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် (၉)နာရီက ပုလောမြို့နယ် ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို ပုလောမြို့ခန်းမနှင့် ပလမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အစည်း အဝေးခန်းမ (၂) နေရာခွဲ၍ ကျန်းမာရေး ဝန်ထမ်း၊တပ်မတော်မှ သူနာပြုများနှင့် Volunteer များက ဆေးထိုးနှံမည့်သူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရာ
ပုလောမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စန်းနှင့် အဖွဲ့ဝင် ဗိုလ်မှူး
စောနေလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ခင်မောင်ဆန်းနှင့် တာဝန်ရှိသူများက
ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံထုတ် Covid-19 ရောဂါကာကွယ်ဆေး SinoPharm ဆေးကို ပုလောမြို့နယ်အတွက်
ဆေးအလုံးရေ ၁၈၉၀ လုံး ရရှိသဖြင့် ဆေးတစ်လုံးလျှင် လူ ၂ ဦးနှုန်း ထိုးနှံနိုင်ပြီး လူဦးရေ
၃၇၈၀ ဦး ကို ဆေးထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အေးအေးမော် (ပုလော)

No comments:
Post a Comment