နေပြည်တော်၊ ဩဂုတ် ၂၇
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံး ကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီး ချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကျောက်တန်းမြို့နယ်၊ ကြာကန်ကျေးရွာရှိ မျိုးစံပြမိုးစပါး စိုက်ခင်းသို့ သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး နှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် ကျောက်တန်း
မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ပြုလုပ်သည့် မှော်ဝန်းချောင်းအတွင်း ငါးမျိုးများစိုက်ထည့်ပွဲကို
တက်ရောက် ကာ ချောင်းအတွင်းသို့ ငါးမြစ်ချင်းအကောင်ရေ ၈၈၀၀၀၀ ကို စိုက်ထည့်ပေးသည်။
အလားတူ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်နှင့် တာဝန်ရှိသူများ သည် ဩဂုတ် ၂၆ ရက်နှင့် ယနေ့တို့တွင် ဖျာပုံမြို့နှင့် မော်လမြိုင်ကျွန်းမြို့တို့ရှိ နယ်မြေခံ တပ်ရင်းများ၌ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား သွားရောက် ကြည့်ရှု၍ တာဝန်ရှိ သူများနှင့်တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး နှင့် လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment