နေပြည်တော် ဩဂုတ် ၁၂
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာ တိုက်နှင့် နေပြည်တော်ပုံနှိပ်စက်ရုံတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီး
ဉီးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဉီးရဲတင့်နှင့် အဖွဲ့သည် နံနက် ၁၀ နာရီတွင် ခရေပင်လမ်းခွဲရှိ
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဘိုးဝဇီရခန်းမသို့ ရောက်ရှိကြပြီး သတင်းစာတိုက်များမှ
ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ထို့နောက်
ပုံနှိပ်စက်ခန်းများနှင့် သတင်းခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေး ကာ ဝန်ထမ်းများအား
ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဉီးစီး ဌာန နေပြည်တော်
ပုံနှိပ်စက်ရုံသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ဆက်လက်၍
နေပြည်တော်ပုံနှိပ်စက်ရုံအတွင်း အများပြည်သူအလုပ်ပိတ်ရက် အဖြစ် သတ်မှတ်ထားသည့်
ကာလဖြစ်သော်လည်း ကျောင်းသုံးပုံနှိပ်စာအုပ်များ အချိန်မီ ပြီးစီးရေးအတွက် ကိုဗစ် -၁၉
ဆိုင်ရာ စည်းကမ်း သတ်မှတ် ချက်များနှင့်အညီ လုပ်ငန်း များ ဆောင်ရွက်နေမှု၊ ပုံနှိပ်စက်များ
ကြံ့ခိုင်ရေးဆောင်ရွက် နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြည်ထောင်စုဝန်ကြီးက
ပုံနှိပ်စက်များ စွမ်းအားပြည့် လည်ပတ်နိုင်ရေး အတွက် စက်များမွမ်းမံပြင်ဆင်ရေး၊ မီးဘေးလုံခြုံရေးအတွက်
ဂရုပြုဆောင်ရွက်ရေးတို့ကို မှာကြားပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးသည်။
နိုင်ငံပိုင်သတင်းစာတိုက်များနှင့်
နေပြည်တော်ပုံနှိပ်စက်ရုံတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီး ဉီးမောင်မောင်အုန်းက
မိမိတို့နိုင်ငံပိုင် မီဒီယာများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား အပြန်အလှန်
ပေါင်းကူးဆက်သွယ်ခြင်းသာမက ပြည်ပနိုင်ငံများကပါ မိမိတို့၏ သတင်းမှန်၊ အခြေအနေမှန်များ ကို
သိရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုအခါ အိမ်စောင့်အစိုးရအဖွဲ့ ဖွဲ့စည်းပြီး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဉီး
တည်ချက် (၉) ရပ်တို့ကို မူဝါဒအဖြစ် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများ အား
ပြည်တွင်းပြည်ပ သိရှိအောင် သတင်းမှန်ပြန်ကြားခြင်းကို မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်
ဆောင်ရွက် ကြရန် ဖြစ်ကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်ကိုယ်တိုင် ပုံနှိပ်မီဒီယာအပါအဝင်
မီဒီယာ၏ အခန်းကဏ္ဍကို အထူးအလေး ထားပါကြောင်း၊ ပြောင်းလဲတိုးတက်လာသော နည်းပညာများဖြင့်
မီဒီယာကဏ္ဍကို ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကာ ပြည်သူများ၏ သတင်းအချက်အလက်
သိရှိပိုင်ခွင့်ကို ပိုမို ဖြည့်ဆည်း ပေးနိုင်ရေး ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ကိုဗစ်
- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ လုပ်ငန်းစဉ်များတွင်လည်း
ပညာပေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံပိုင် မီဒီယာများတွင်သာမက မြို့နယ်တိုင်းရှိ ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ရုံးများက ပူးပေါင်းပါဝင်ဆောင်ရွက်နေမှုကို အရှိန်အဟုန် မပျက်
ဆက်လက်လုပ်ဆောင် သွားရန် လိုအပ်ကြောင်း။
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဉီးစီးဌာနအနေဖြင့် ပြည်သူများ ဖတ်ရှုသင့်သည့်စာအုပ် ကောင်းများကို မပြတ်ထုတ် ဝေ သွားရန် လိုအပ်ကြောင်း၊ လူငယ်ကဏ္ဍကို ဉီးစားပေးပြီး လူငယ်လူရွယ်များ ဖတ်ရှုသင့်သည့် စာအုပ်ကောင်း များကိုလည်း ဉီးစားပေးရွေးချယ် ထုတ်ဝေစေလိုကြောင်း၊ နိုင်ငံသားတစ်ယောက်၏ တာဝန်ကို သိရှိစေရန် စာပေဖြင့် အသိပညာပေးရမည်ဖြစ်ကြောင်း၊ ခေတ်နှင့်လျော်ညီသည့် စာအုပ်ကောင်း များ ထုတ်ဝေနိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်လိုကြောင်း၊ လုပ်ငန်းခွင်တွင်လည်း ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ စည်းမျဉ်းစည်း ကမ်းများနှင့်အညီ လိုက်နာလုပ်ဆောင်သွားရန် လိုအပ် ကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
(သတင်းစဉ်)
No comments:
Post a Comment