ရွှေဘို ဩဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့မဈေးကြီးအတွင်း ယခင်မီးလောင်မှုဖြစ်ပွား၍ ကျန်ခဲ့သည် ဈေးဆိုင်ခန်းများအတွင်းရှိ ကတ်စက္ကူများ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး ဦးအေးမြင့်ထံမှ သိရသည်။
ဖြစ်စဉ်မှာ
ယမန်နေ့ ညနေ၆နာရီ ၂၀မိနစ်ခန့်တွင် အမှတ်(၄)ရပ်ကွက် တပင်ရွှေထီးလမ်းရှိ ယခင်မီးလောင်မှုဖြစ်ပွားခဲ့သည့်
ဈေးဆိုင်ခန်းများ၏ နေရာတွင် မီးလောင်မှုဖြစ်ပွားနေကြောင်း ဂိတ်ဂျူတီမှ တွေ့ရသဖြင့်
ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး ဦးအေးမြင့် ဦးဆောင်သော မီးငြှိမ်းသတ် ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊
သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂၄)ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၆ နာရီ ၄၅ မိနစ်တွင်
မီးထိန်းနိုင်ခဲ့ပြီး ညနေ ၆ နာရီ ၄၇မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
ထိုသို့
မီးလောင်သည့်အကြောင်းအရင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့သော သံပိုက်များအား Gas အိုး အသုံးပြု၍
Gas မီးဖြင့် ဖြတ်ရာမှ ဘေးအနီးရှိ ကတ်ထူစက္ကူများ၊ အမှိုက်များပေါ်သို့ မီးပွားလွှင့်၍
မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ကတ်ထူပြားများ မီးလောင်ခဲ့ပြီး
လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းသိရသည်။
အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိခြင်း မရှိကြောင်း
ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
ခရိုင်ပြန်/ဆက်

No comments:
Post a Comment