နေပြည်တော် ဩဂုတ် ၉
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် တပ်မတော် မှလိုအပ်သော ထောက်ပံ့လှူဒါန်းမှုများဆောင်ရွက်ပေးလျက်ရှိရာ သန်လျင်တပ်နယ် (သီလဝါ)တွင် အသစ်တည် ဆောက်ပြီးစီးခဲ့သော တပ်မတော်(ရေ) အောက်ဆီဂျင်စက်ရုံ မှထုတ်လုပ်လျက်ရှိသည့် အောက်ဆီဂျင်များ အား သန်လျင်တပ်နယ်ရှိ တပ်မတော် ဆေးရုံ၊ အရပ်ဘက်ဆေးရုံများ၊ ပရဟိတလူမှုရေးကူညီမှု အသင်းများသို့ လိုအပ် သောအောက်ဆီဂျင်များအားလည်းကောင်း၊ အောက်ဆီဂျင်အိုး များသယ်ယူရာ တွင်လွယ်ကူစေရန်အတွက် တပ်မတော်(ရေ)မှပြုလုပ်သော အောက်ဆီ ဂျင်အိုးတင် များလှည်းအား တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီးသို့လည်း ကောင်း၊ တပ်မတော်ဆေးရုံ(ကုတင်-၁၀၀)သို့ လည်းကောင်း ယနေ့နေ့လယ်ပိုင်းတွင် တာဝန် ရှိသူများမှ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment