Thursday, August 19, 2021

ရန်ကုန်(ဝါးတန်း/ဒလ) ကားကူးဇက်(ယာဉ်ကူးတို့) ခရီးလမ်း၌ ကုန်စည်နှင့်မော်တော်ယာဉ်များအား နေ့စဉ်ပုံမှန်ပြေးဆွဲ



ရန်ကုန် သြဂုတ်
၁၉

ရန်ကုန် (ဝါးတန်း/ဒလ) ကားကူးဇက် (ယာဉ်ကူးတို့) ခရီးလမ်း၌  ခရီးသည်၊ ကုန်စည်နှင့် မော်တော်ယာဉ်များ ကူးသန်းသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ကားကူးဇက် ရေယာဉ်များဖြင့် အလှည့်ကျ ပြေးဆွဲပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်   သတ်မှတ်ထားသော ရုံးပိတ်ရက်ရှည်ကာလများအတွင်း ကားကူးဇက်ရေယာဉ် ၁ စင်း ဖြင့် နေ့စဉ်ပိတ်ရက်မရှိ ပုံမှန်ပြေးဆွဲပို့ ဆောင်ပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ သိရသည်။

ကျွန်တော်တို့ ဝါးတန်း/ဒလ ကားကူးဇက်ရေယာဉ် အနေနဲ့ ပိတ်ရက်မရှိဘဲ နေ့စဉ်ပုံမှန်ပြေးဆွဲပေးနေတယ်၊ (ဝါးတန်း)ဆိပ်ကမ်းကနေ  စတင်ထွက်ခွာချိန်  နံနက် ၇ နာရီ မှ  ဒလဘက်ကမ်းကနေ ည ၇ နာရီအထိ တစ်နေ့ကို အသွား ၈ ခေါက်၊  အပြန် ၈ ခေါက်   ကုန်စည်နဲ့ မော်တော်ယာဉ်များကို ပို့ဆောင်ပေးတယ်၊ တစ်နေ့ကို  ယာဉ်အစီးရေ ၂၀၀ ဝန်းကျင်လောက်  ကူးသန်းသွားလာကြတယ်၊ ဒီကာလမှာ မော်တော်ယာဉ်သွားလာမှုနည်းပေးမယ့်   ခရီးသည်တွေ အဆင်ပြေချောမွေ့အောင် ကားကူးဇက် ရေယာဉ် စင်းနဲ့ ဆိုက်ရောက်ထွက်ခွာတဲ့ စနစ်နဲ့  ပြေးဆွဲပေး နေတာ ဖြစ်ပါတယ် ” ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ ကားကူးဇက်ရေယာဉ် ကြီးကြပ်ရေးမှူး ဦးမျိုးမြင့် က ယနေ့မွန်းလွဲပိုင်းက ပြောပြခဲ့သည်။  

လက်ရှိအချိန်တွင် အဆိုပါ ယာဉ်ကူးတို့ ခရီးလမ်း၌  ကားကူးဇက် ရေယာဉ် စင်းဖြင့် နေ့စဉ် နံနက် ၇ နာရီ မှ ည ၇ နာရီ နောက်ဆုံးခေါက် အထိ  အသွား ခေါက်၊ အပြန်  ခေါက် ဖြင့် ကုန်စည်နှင့် မော်တော်ယာဉ်များ သွားလာမှု အဆင်ပြေစေရေးအတွက် သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။ ယခင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီ ကာလများက ကားကူးဇက် ရေယာဉ် ၂ စင်းဖြင့် အသွား ၁၄ ၊ အပြန် ၁၄ ခေါက် ဖြင့် ပြေးဆွဲပေးခဲ့ရာ မော်တော်ယာဉ် အစီးရေ ၅၀၀ ကျော်ခန့် ကူးသန်းသွားလာမှုရှိခဲ့ကြောင်းသိရသည်။

ရန်ကုန်(ဝါးတန်း/ဒလ) ကားကူးဇက် ခရီးလမ်းကြောင်းအနေဖြင့်  ကုန်စည်နဲ့ မော်တော်ယာဉ်တွေကို အဓိက ထားပြီး ဦးစားပေး သယ်ယူပို့ဆောင်ပေးရခြင်း၊ မြစ်အတွင်း ကုန်တင်သင်္ဘောကြီးများ၊ ငါးဖမ်းသင်္ဘောများနှင့်   လှေငယ်များ ဝင်ထွက်သွားလာမှုကြောင့် ရေယာဉ် အန္တရာယ်ကင်းရှင်းရေးကို အထူးအလေးထားဆောင်ရွက်ခြင်း၊  ရန်ကုန်မြို့တွင်း  ယာဉ်လမ်းကြောင်း ပိတ်ဆို့မှုအား တစ်ဖက် တစ်လမ်းမှ ဖြေလျှော့ဆောင်ရွက်ပေးနိုင်ခြင်း၊  အိမ်စီးကားများနှင့် ကုန်စည်မော်တော်ယာဉ်များ ဝါးတန်းဘက်ခြမ်းမှ  ဒလဘက်ခြမ်းသို့ အချိန်တိုအတွင်း ကူးသန်းသွားလာနိုင်သော ကားကူးဇက ်(ယာဉ်ကူးတို့) ခရီးလမ်းတစ်ခုလည်းဖြစ်သည်။   

အဆိုပါ ခရီးလမ်းတွင် RORO(II) RORO (III) RORO (IV) အမည်ရှိ ကားကူးဇက်ရေယာဉ် သုံးစီးအား အလှည့်ကျ စနစ် ဖြင့် ခရီးသည်၊ ကုန်စည်နှင့် မော်တော်ယာဉ်များ ကူးသန်းသွားလာမှု အခြေအနေပေါ်မူတည်၍  ကားကူးဇက် ရေယာဉ် ၁ စီး မှ  ရေယာဉ် ၂ စီး တို့ဖြင့် ပိတ်ရက်မရှိ ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်းသိရသည်။

နိုင်လင်းကျော်(IPRD)                                                                   

 

                                                         

 

 

No comments:

Post a Comment