Friday, August 27, 2021

အမျိုးသားစိတ်ဓာတ်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသို့ လက်ရွေးစင်ဆောင်းပါးများ စာအုပ်များ လှူဒါန်း

 




ရန်ကုန် သြဂုတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အောက်ရှိခရိုင်(၄)ခရိုင် အတွင်းရှိ မြို့နယ်ရုံးစာကြည့်တိုက်များတွင်အသုံးပြုရန်အတွက် အမျိုးသားစိတ်ဓာတ်နှင့် တိုင်းရင်း သား စည်းလုံးညီညွတ်ရေးသို့ လက်ရွေးစင်ဆောင်ပါးစာအုပ်များပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀နာရီတွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာအလင်းခေတ်မီ စာကြည့်တိုက်၌ကျင်းပသည်။

အခမ်းအနားတွင် စာအုပ်အလှူရှင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်းဒေးရှင်း ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်၊ အင်းစိန်မြို့နယ်သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးဘိုကြည်၊ ဒေါက်တာဗိုလ်သံမဏိ (တောင်တွင်းကြီး)ကစာပေမြင့်မှ လူမျိုးတင့်မည်ဆိုသည့်စကားအတိုင်း နိုင်ငံတော်ဘက်စုံဖွံဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို ရည်ရွယ်၍ စာအုပ်များ လှူဒါန်းရခြင်းဖြစ်ကြောင်း ပြောကြားပြီးမိမိကိုယ်တိုင်ရေးသား ထုတ်ဝေခဲ့သည့် အမျိုးသား စိတ်ဓာတ်နှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးသို့ လက်ရွေးစင်ဆောင်ပါးများ စာအုပ်(၁၅၀) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ထုတ်လုပ်ဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေ ထံပေးအပ်လှူဒါန်းခဲ့ရာ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ ကြောင်းသိရသည်။

အောင်မြင့်

No comments:

Post a Comment