နေပြည်တော်၊ ဩဂုတ်- ၇
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု စေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
ထိုသို့
လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့
PPE ဝတ်စုံ ၂၀၀ စုံ၊ Mask ၅၀၀၀ ခု၊ ခေါင်းစွပ် ၅၀၀ ခု၊ လက်အိတ် ၂၀၀ ခု၊ ပိုးသတ်ဆေးရည်
၂ ပုံး၊ အားဆေး ၂၁၀၀ လုံးနှင့် သွားတိုက်ဆေး ၂၆၀ ဘူး၊ ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံသို့
အောက်ဆီဂျင်အိုး ၅ လုံး၊ Mask ၂၀၀၀၀ ခု၊ N-95 Mask ၃၀၀ ခု၊ PPE ဝတ်စုံ ၁၀၀ စုံ၊
Face Shield ၂၀၀ ခု၊ လက်သန့်ဆေးရည် ၄၈ ဘူး၊ အရက်ပြန် ၄၈ ဘူးနှင့် ပိုးသတ်ဆေးရည် ၂ ပုံး၊
သိန်းနီမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီ ဂျင်အိုး ၅ လုံး၊ Flow Meter ၅ ခု၊ Oxygen
ပိုက် ၅ စုံ၊ PPE ဝတ်စုံ ၃၀ စုံ၊ Level 2 (Gown) ၁၀၀ ထည်၊ Mask ၂၅၀၀ ခု၊ လက်သန့်ဆေးရည်
၄၈ ဘူး၊ ပိုးသတ်ဆေးရည် ၂ ပုံးနှင့် မိုင်းရယ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ PPE ဝတ်စုံ
၅၀ စုံ၊ Oximeter ၃ လုံး၊ Face Shield ၅၅ ခု၊ Surgical Gowns ၆၅ ထည်၊ Surgical
Gloves ၂၀၀ ခု၊ အရက်ပြန် ၅ ဂါလံ ၁ ပုံးတို့ကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊
ပုလောမြို့နယ်၊ ပလောက်မြို့၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် အလှူငွေကျပ် ၁၀
သိန်း၊ ကျွန်းစုမြို့နယ် ပြည်သူ့ဆေးရုံနှင့် ကိုဗစ်စင်တာများတွင် ကူညီဆောင်ရွက် ပေးနေသည့်
စေတနာ့လူမှုအသင်းအဖွဲ့များသို့ အာဟာရဖြည့်စားသောက်ဖွယ်ရာများ ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊
မြောင်းမြမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၁၅ လုံး၊ ပုသိမ်မြို့နှင့် ကန်ကြီးထောင့်မြို့တို့ရှိ
ပြည်သူ့ဆေးရုံများ နှင့် ပရဟိတအသင်းများသို့ အောက်ဆီဂျင်အိုး ၄၂ လုံး၊ လပွတ္တာမြို့
မြို့နယ်ပြည်သူ့ ဆေးရုံ (ခုတင်-၅၀)သို့ PPE ဝတ်စုံ ၁၀၀ စုံနှင့် အလှူငွေကျပ် ၅ သိန်းနှင့်
ဟိုင်းကြီးကျွန်းမြို့၊ နယ်မြေခံတပ်မတော်ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ပြည်သူ့ ဆေးရုံကြီးသို့ မိဘဂုဏ်အောက်ဆီဂျင်စက်ရုံမှ
ထုတ်လုပ်သည့် အောက်ဆီဂျင်အိုး ၁၀၅ လုံးနှင့် ရွှေဘိုမြို့ ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့်
ဆေးရုံတက်လူနာများ အတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို လည်းကောင်း၊ မန္တလေးတိုင်းဒေသ
ကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆောင်ရွက်နေသော စေတနာ့ဝန်ထမ်း လူမှုရေးအဖွဲ့အစည်းများအတွက်
ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို လည်း ကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ
ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများ၊ နယ်မြေခံတပ်မတော်သားများ၊
ဌာနဆိုင်ရာဝန် ထမ်းများ၊ လူမှုကူညီရေးအဖွဲ့အစည်းများနှင့် စေတနာရှင်အလှူရှင် များက အသီးသီးသွားရောက်လှူဒါန်းကြရာ
တာဝန်ရှိသူများက လက်ခံရယူခဲ့ကြ သည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့် လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်းနှင့် မြိတ်တောင်ကျေးရွာ၊ ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာနရုံးဘေးရှိ အောက်ဆီဂျင်စက်ရုံ ထပ်မံတိုးချဲ့တည် ဆောက်မည့်မြေနေရာတို့ကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ လပွတ္တာမြို့၊ မြောင်းမြမြို့နှင့် ဇလွန်မြို့တို့၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှု အခြေအနေများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်

No comments:
Post a Comment