Monday, August 9, 2021

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ အများပြည်သူရုံးပိတ်ရက်များတွင်လည်း လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ အဆက်မပြတ်တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 



နေပြည်တော် ဩဂုတ် ၈

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ် လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင် ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်၊ ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။

ယာဉ်စီးရေ ၅၂ စီးဖြင့်တင်သွင်းလာ

ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ Oxygen Concentrator ၃၂၉၄ ခုနှင့် နှာခေါင်း စည်း (Mask) ၀ ဒသမ ၅ တန်အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ တမူး ကုန်သွယ် ရေးစခန်းများမှ အောက်ဆီဂျင်အရည် (Bowser) ယာဉ်သုံးစီးဖြင့် ၅၉ တန်၊ အောက်ဆီဂျင် အရည် (အိုးဖြင့်) ၃၈ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) (၁)တန်၊ အောက်စီဂျင်(အိုးခွံ) ၈၉၁၀၊ အိမ်သုံး 6320da8qjcons (Oxygen Concentrator) ၃၇၄၅ ခု၊ လက်အိတ် တစ်တန်နှင့် နှာခေါင်းစည်း (Mask) ၆၇ တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါ ပစ္စည်းများကို ကုမ္ပဏီ ၃၀ မှ ယာဉ်စီးရေ ၅၂ စီးဖြင့် တင်သွင်းလာခြင်းဖြစ်သည်။

၆၃၆ တန် တင်သွင်းခွင့်ပြုခဲ့

သြဂုတ်လအတွင်း ယာဉ်စီးရေ ၄၈၁ စီးဖြင့်  အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၄၅၇ တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) ၈၉ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ အိုးဖြင့် ၆၃တန်၊ အောက်ဆီ ဂျင် (အိုးခွံ) ၅၆၇၉၀ ၊ Oxygen Plant ခြောက်ခု၊ အောက်ဆီဂျင် (Generator) ကိုးခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) ၄၅၉၃၄ ခု၊ Test Kit ၁၄၁၆၄၂ ခု၊ PPE ၂၈၀၉၃၂ စုံ၊ လက်အိတ် တန် ၄၀ နှင့် နှာခေါင်းစည်း (Mask) ၆၃၆ တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။

ဇူလိုင်လအတွင်း ယာဉ်စီးရေ ၇၄၉ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၇၂၇ တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) ၅၆၇ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) ၁၁၄ တန်၊  အောက်ဆီဂျင်(အိုးခွံ) ၄၀၄၉၁ ခု၊ အိမ်သုံးအောက်ဆီ  ဂျင်စက် (Oxygen Concentrator) ၆၉၁၄၆ ခု၊ Oxygen Plant ရှစ်ခု၊ Oxygen Generator ၁၁ ခု၊ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက်လေးခု၊ Test Kit ၃၂၂၈၇၈ ခု၊ နှာခေါင်းစည်း (Mask) ၁၁၀၄ တန်၊ PPE ၁၈၂၉၇၅ စုံ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။

အသိပေးကြေညာချက်ထုတ်ပြန်ထား

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့်ဆက်စပ် ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ  ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသည့် ဩဂုတ် ၉ ရက်မှ ၁၅ ရက်အထိ ရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည်မဟုတ်ဘဲ  ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းမှုများ၊ ကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးမည် ဖြစ်ပြီး အဆိုပါရက်များတွင် ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်)တို့မှ အွန်လိုင်းစနစ်ဖြင့် ပို့ကုန် သွင်းကုန်လိုင်စင်လျှောက်ထားမှုများကိုလည်း ရုံးချိန် အတွင်း ပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ဩဂုတ်၈ ရက်နေ့စွဲဖြင့် အသိပေး ကြေညာချက်ထုတ်ပြန်ထားသည်။

ဝင်ရောက်ကြည့်ရှုနိုင်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ် ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူ မြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များနှင့် အသိပေးကြေညာချက်များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

သတင်းစဉ်


 

No comments:

Post a Comment