ပွင့်ဖြူ ဩဂုတ် ၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်ပြီး မြို့နယ်ကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများ အဖွဲ့သည်
မြို့နယ်အတွင်း ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရေးအတွက် ဦးစားပေးအုပ်စုအလိုက်
ကာကွယ်ဆေးထိုးနှံပေးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်
အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် က ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းနှင့်
ပတ်သက်ပြီး ရှင်းလင်းတင်ပြရာ ကာကွယ်ဆေး လာရောက်ထိုးနှံသော ပြည်သူများ အခက်အခဲမရှိ အဆင်ပြေစွာ
ထိုးနှံနိုင်ရေးအတွက် ဆောင်ရွက်သွားရန်ကိစ္စရပ်များကို လမ်းညွှန်မှာကြားပြီး ကာကွယ်ဆေး
လာရောက် ထိုးနှံကြသည့် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကား
ပြောကြားခဲ့သည်။
ဆက်လက်၍
ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအဖွဲ့သည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး
ဗိုလ်ဥတ္တမခန်းမတွင် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ
ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာများ၊ ကော်မတီအဖွဲ့ဝင်များ၊
မြို့မိမြိုဖများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း ပြည်သူများ
ကိုဗစ် -၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ဆောင်ရွက်ရန်လုပ်ငန်းများနှင့်
စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက်
မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ
ဦးအောင်မြတ်ခိုင် က ပွင့်ဖြူမြို့နယ်အတွင်း ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကူးစက်ပျံ့ပွားမှု
လျော့နည်းပပျောက်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေအနေနှင့်
ဆက်လက်ထိုးနှံမည့်လုပ်ငန်းများ၊ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်
အညီ နေထိုင်သွားလာရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ လူထုလှုပ်ရှားမှု
Mask Campaign ဆောင်ရွက်မှုများ၊ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာများ၏ ကျန်းမာရေးဆေးကုသပေးမှု
အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍
တက်ရောက်လာသည့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက မြို့နယ်အတွင်း ကိုဗစ်-၁၉
ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်
လုပ်ငန်းအခက်အခဲများနှင့် စပ်လျဉ်းပြီး ဆွေးနွေး တင်ပြကြရာ ဝန်ကြီးချုပ်က လိုအပ်ချက်အခက်အခဲများအပေါ် ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက်
ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉
ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက် သွားနိုင်ရေးအတွက်
ထောက်ပံ့ငွေကျပ် (၇၅)သိန်းနှင့် ကာကွယ်ရေးသုံး အထောက်အကူပြု ပစ္စည်းများ၊ အာဟာရဖြည့်စွက်စာ
ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်
အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် လူမှုရေးအသင်းအဖွဲ့များမှ
တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍
ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့၊ (အ.ထ.က)ကျောင်းတွင် ဖွင့်လှစ်ထားရှိသော
Quarantine Centre သို့ ရောက်ရှိပြီး ပိုးတွေ့အတည်ပြုလူနာများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းနှင့်
ကြက်ဥ၊ ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက်
ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မျိုးသန့်ခြံသို့ သွားရောက်ပြီး
Pilot Project အစီအစဉ်ဖြင့် ဆိုလာစနစ်အသုံးပြု၍ စိုက်ပျိုးရေရရှိရေး လုပ်ငန်းဆောင်ရွက်
ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ မြို့နယ်အတွင်း ဒေသခံတောင်သူများ
သီးနှံဝင်ငွေ တိုးပွားရေးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို
ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင်
(ညောင်ဦး)

No comments:
Post a Comment