နတ်မောက် ဩဂုတ် ၂၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကျောက်တံခါးရေလှောင်တမံနှင့် နတ်မောက်ရေလှောင်တမံ တို့မှ ဆည်ရေများ ပေးဝေနေပြီဖြစ်၍ မိုးစပါးများစတင်စိုက်ပျိုးလျက်ရှိသည်။
နတ်မောက်မြို့နယ်တွင် ယခု
၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ကျောက်တံခါးရေလှောင်တမံမှ ကျေးရွာအုပ်စု(၈)အုပ်စုရှိ
မိုးစပါးစိုက်ဧက (၁၉၅၅)ဧက၊ နတ်မောက်ရေလှောင်တမံမှ ကျေးရွာအုပ်စု (၆) အုပ်စုရှိ မိုးစပါးစိုက်ဧက
( ၄၂၅) ဧကလျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင်လည်း မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများက မိုးသီးနှံစိုက်ပျိုးရာသီတွင် သတ်မှတ်လျာထား ဧကပြည့်မီရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း သီးနှံအထွက်နှုန်းတိုးပွားစေရေး အတွက် လိုအပ်သော စိုက်ပျိုးနည်းစနစ်များ ထောက်ပံ့ကူညီပေးခြင်း၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရန်နည်းလမ်းများအား အသိပညာပေးခြင်းများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်မြင့်မြင့်ချို၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သင်းသင်းမြတ် (နတ်မောက်)
No comments:
Post a Comment