Friday, August 13, 2021

ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 


 




 

တောင်ကြီး သြဂုတ် ၁၃

 

ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ ၊ ပြည် နယ်အ ဆင့်ဌာနဆိုင်ရာများဖြင့် သြဂုတ်(၁၂) ရက်နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။

 

ရှမ်းပြည်နယ် (ကိုဗစ်-၁၉)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ကိုဗစ်-၁၉ရောဂါတတိယလှိုင်းဖြစ်ပွားသည့် ကာလအတွင်း ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ရောဂါပိုးတွေ့ရှိသူ(၈၇၉၈)ဦး၊(မြောက်ပိုင်း)တွင် ပိုးတွေ့ရှိသူ(၁၂၃၄၆)ဦး၊ (အရှေ့ ပိုင်း)တွင်ပိုးတွေ့ရှိသူ(၂၇၉၂)ဦး၊ စုစုပေါင်း(၂၃၉၃၆)ဦးတွေ့ရှိပြီး ပြန်လည် ကင်းစင်လာသူ(၁၆၆၀၉) ဦး၊ သေဆုံး သူ(၇၃၂)ဦးရှိပြီးကျန်ရှိသည့် ပိုးတွေ့ရှိသူ(၆၅၉၅)ဦးအား သက်ဆိုင်ရာမြို့နယ်များရှိ ပြည်သူ့ဆေး ရုံများတွင် ကျန်းမာရေးစောင့် ရှောက် မှုပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကုသရေးဆေးရုံ(၈၇)ခု၊ ကုသရေး Center(၂၁)ခု၊ Positive Center (၉၉)ခုနှင့် Quarantine Center (၁၇၇)ခုတွင် (၇၇၅၅)ဦးတို့အား စောင့်ရှောက် ကုသမှုပေးလျက်ရှိပြီး အဆိုပါ Centerများတွင် ကျန်းမာရေးဝန်ထမ်း(၂၃၆၅)ဦးနှင့် အရန်မီးသတ် ကြက်ခြေနီ၊ Volunteerအင်အား(၂၄၀၂)ဦးတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ဆေး(၁)လုံး လျှင် (၂)ဦးနှုန်းဖြင့် ကာကွယ်ဆေးရရှိမှုအနေဖြင့်ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ (Sinopharm) (၄၀၀၀၀)၊ Sinovac (၁၁၇၄)လုံး၊ (မြောက်ပိုင်း) (Sinopharm)(၂၄၀၀၀)လုံး၊ Sinovac(၁၁၆၀)လုံး၊ (အရှေ့ပိုင်း)သို့ Sinopharm (၁၆၀၀၀)လုံး၊ Sinovac(၇၃၀)လုံးစုစု ပေါင်းSinopharm(၈၀၀၀၀)လုံး နှင့် Sinovac(၃၀၆၄)လုံး ခွဲဝေရှိပြီး မြို့နယ်များတွင် ၂၀၂၁ခုနှစ် ဇူလိုင်လ(၃၀) ရက်နေ့မှစတင်၍ ဦးစားပေးအုပ်စုများအလိုက် ဆေးထိုးနှံရေးအဖွဲ့များ ဖွဲ့စည်း၍ ထိုးနှံဆောင်ရွက်ပေးခဲ့ရာ ၂၀၂၁ခုနှစ် သြဂုတ်လ(၁၁)ရက်နေ့အထိ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် (၇၇၁၃၈)ဦး၊ (မြောက်ပိုင်း)တွင်(၄၉၄၀၇)ဦး၊ (အရှေ့ပိုင်း)တွင်(၃၀၁၉၂)ဦး စုစုပေါင်း(၁၅၆၇၃၇)ဦး ထိုးနှံဆောင် ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အစီအစဥ်ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် Oxygen Plant စက် တပ်ဆင် ဆောင်ရွက်ပြီးစီးခဲ့ပြီး တစ်ရက်လျှင် (၄၀)လီတာ(၈၀)လုံးနှင့် လောက်ကိုင်မြို့ တွင်တပ်ဆင်အသုံးပြုလျက်ရှိသည့် Oxygen Plant စက်မှတစ် နေ့လျှင်(၄၀)လီတာ (၁၀၀)လုံး ထုတ်လုပ်ပေးလျက်ရှိပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုးမိတ်ခရိုင် မိုးမိတ်မြို့နှင့်ရှမ်းပြည်နယ် (အရှေ့ပိုင်း)မိုင်းဆတ် ခရိုင် မိုင်းဆတ်မြို့တွင်လည်း Oxygen Plant စက်တပ်ဆင်နိုင်ရေးစီစဉ် ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း Oxygen ထုတ်လုပ်မှုအနေဖြင့်အစိုးရဌာန(၁၄)ခုမှ (၄၇၄၈၀)လီတာနှင့် ပုဂ္ဂလိကစက်ရုံ(၇)ခုမှ (၄၃၆၀၀)လီတာ၊ စုစုပေါင်း(၉၁၀၈၀)လီတာနေ့စဉ် ထုတ်လုပ်ရရှိပါသဖြင့် လိုအပ်ချက်ထက် ပိုမိုထုတ်လုပ်နိုင်၍ ရှမ်းပြည်နယ်အနေဖြင့် အောက်စီဂျင်လုံလောက် မှုရှိကြောင်း ပြောကြားသွားသည်။ ဆက်လက်၍ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ် နီလင်းအောင်က ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိမှုနှင့် ပတ်သက်၍ဆွေးနွေးပြောကြားပြီး ရှမ်းပြည်နယ်(ကိုဗစ်-၁၉)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေး ကော်မတီအတွင်းရေးမှူး ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးနှင့်တွဲဖက်အတွင်းရေးမှူး ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းတို့မှ ဆွေးနွေးတင်ပြ ကြသည်။

 

ထို့နောက် အစည်းဝေးတက်ရောက်လာသူများမှ ဆွေးနွေးတင်ပြကြပြီး အထွေထွေဆွေးနွေးကြကာ ရှမ်းပြည်နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကားပြောကြား ခဲ့ကြောင်း သိရှိရသည်။

 

မောင်မောင်သန်း

No comments:

Post a Comment