မြစ်ကြီးနား သြဂုတ် ၂၇
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် နေရပ်စွန့်ခွာ ပြည်သူများအတွက် စိုက်ပျိုးမွေးမြူရေးတိုးမြှင့် လုပ်ကိုင် ဆောင်ရွက်နိုင်ရေးအတွက် ထောက်ပံ့ပေးအပ်မှုများ ဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ ကြသည်။
ရှေးဦးစွာ
ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နံနက် ၇ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးများ၊ ဌာန
ဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်ဈေး၌ ဈေးရောင်း၊
ဈေးဝယ် ပြည်သူများအား နှာခေါင်းစည်း Mask
များ ဖြန့်ဝေပေးခဲ့ကြကာ နေအိမ်ပြင်ပ ထွက်တိုင်း နှာခေါင်းစည်း
စနစ်တကျ တပ်ဆင်ကြရေးနှင့် ကိုဗစ်-၁၉ ရောဂါ အကြောင်း အသိ ပညာပေးခဲ့ကြသည်။
ထို့မှတစ်ဆင့်
မချမ်းဘောမြို့နယ်အတွင်း ကောင်းမှုလုံစေတီတော်ကို သွားရောက်ဖူးမြော် ကြည်ညိုကြပြီး
နဝကမ္မအလှူငွေများ လှူဒါန်းကာ ဂေါပကအဖွဲ့ဝင်များ၏ ဘုရားပိုင်မြေနေရာ ရရှိရေး တင်ပြချက်များအပေါ်
လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာ များနှင့်
ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက်
ပူတာအိုမြို့နယ် ဂျူဗလီကျေးရွာတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်နှင့် ပျိုးပင်များ
ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဌာန
ဆိုင်ရာများထံ သစ်ပင်စိုက်ပျိုးပွဲတော်အတွက် မန်ဂျန်ရှားအရိပ်ရပင် ၄၀၀ ကို
လွှဲပြောင်းပေး အပ်ပြီး ဌာနဆိုင်ရာများနှင့်အတူ တစ်ပျော်တစ်ပါး
စိုက်ပျိုးပေးခဲ့ကြသည်။
ယင်းနောက်
ပြည်နယ်ဝန်ကြီးချုပ်သည် ဇီထမ်းကျေးရွာ မြေဧက ၆၀ ပေါ် နေရပ်စွန့်ခွာ ပြည်သူ များ ရွှေ့ပြောင်းနေရာချထားပေးသည့်
အိမ်ရာစခန်းအတွင်း ခန်းမဆောင်၌ နေရပ်စွန့်ခွာ မိသားစု များ
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဒေသကြက်ကောင်ရေ ၃၀၀၊ ဝက်
၈ ကောင်နှင့် မန်ဂျန်ရှားအပင် ၃၀၀ ပင်၊ နေအိမ်ခြံဝင်းများအတွင်း
စိုက်ပျိုးရန်အတွက် ဟင်းသီးဟင်းရွက်မျိုးစေ့များ၊ မွေးမြူရေးအထောက်အကူပြု ဆေးဝါးပစ္စည်းများကို
ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် နေအိမ်များအတွင်း တစ်ပိုင်တစ်နိုင်
စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကို စနစ်တကျ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာ
တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့မှတစ်ဆင့်
ပြည်နယ်ဝန်ကြီးချုပ်သည် ပူတာအိုတပ်နယ်ဧက ၅၀၀ ဘက်စုံစိုက်ပျိုး မွေးမြူရေး ခြံအတွင်း
မျှော်စင်၌ စိုက်ခင်းဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ခြံအတွင်း လုပ်ငန်းဆောင်ရွက်
နေမှုအပိုင်းများကို တပ်မတော်အရာရှိကြီးများအား မေးမြန်းဆွေးနွေးပြီး ကြက်မွေးမြူရေးခြံနှင့်
ဝက်မွေးမြူရေးခြံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဘက်စုံခြံအတွက် ဂရိဖုပျိုးပင်များနှင့်
မွေးမြူရေး အထောက်အကူပြုဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက်
ဂျူဗလီကျေးရွာအတွင်း ပုဂ္ဂလိကပိုင်ခြံစိုက်ခင်းအတွင်း ကြယ်ပဲစိုက်ခင်း ၁ ဧက၌ ကြယ်ပဲသီးများဖြင့်
အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
ဧည့်ခန်းမဆောင်၌ ပူတာအိုမြို့နယ်အတွင်းရှိ ခရစ်ယာန် ဘာသာရေးအဖွဲ့ ၃ ခုနှင့်
တွေ့ဆုံပြီး ဘာသာရေးအဖွဲ့ ၁ ဖွဲ့လျှင် ငွေကျပ် ၃ သိန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်
၉ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
No comments:
Post a Comment