နေပြည်တော်၊ ဩဂုတ် ၂၇
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံး ပြုရန်အတွက် တပ်မတော်သားများနှင့် စေတနာရှင်အလှူရှင်များက ကျန်းမာရေး အထောက်အကူပြု ပစ္စည်း များနှင့် အလှူငွေများ ပေးအပ် လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်း လျက် ရှိရာ ယနေ့တွင် ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊
ကုသရေး လုပ်ငန်းများတွင် အထောက်အကူပြုစေရန်အတွက် စေတနာရှင် အလှူရှင် ဖြစ်သည့် ဦးဘောမ်လန်း
(မြန်မာဟိန်ယကုမ္ပဏီ) မှ Oxygen Plant စက် ၁ လုံးအား လည်းကောင်း၊ မွန်ပြည်နယ်နှင့်
ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အထောက်
အကူဖြစ်စေမည့် Oxygen Plant ဝယ်ယူရန် စေတနာ ရှင်အလှူရှင် များဖြစ်ကြသည့် Steel
Stone Co.Ltd နှင့် ငွေပွင့်လင်းကုမ္ပဏီတို့မှ အလှူငွေကျပ် ၇၅၀ သိန်း၊ VII
Investment Group Co.Ltd မှ အလှူငွေကျပ်သိန်း ၇၀၀ နှင့် PPE ဝတ်စုံ ၁၀၀၀ စုံတို့အား လည်းကောင်း
အသီးသီး လာရောက်လှူဒါန်းကြရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းစစ်ဌာန ချုပ်များမှ
တိုင်းမှူးများနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း
သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment