ကိုဗစ်-၁၉
ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ ပြည်တွင်းဈေးကွက်၌
ပြတ်လပ်မှု မရှိစေရေးအတွက် လေကြောင်း၊ ရေကြောင်း၊ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ အလွယ်တကူ
ချောချောမွေ့မွေ့၊ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရန် သက်ဆိုင်ရာဌာနတို့က ပိတ်ရက်မရှိ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ကလည်း
Task Force ဖွဲ့စည်း၍ ဆေးနှင့် ဆေးပစ္စည်းများ တင်သွင်းရောင်းချ နေသည့် လုပ်ငန်းရှင်များ
ပစ္စည်းတင်သွင်းရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ညှိနှိုင်းဖြေရှင်းပေးခြင်း၊ သက်ဆိုင်ရာဌာနများနှင့်
ချိတ်ဆက်ပေါင်းစပ် ဆောင်ရွက်ပေးခြင်းတို့ပြုလုပ်ပေး လျက်ရှိသည်။
ကိုဗစ်-၁၉
ရောဂါကကိယလှိုင်းသည် လျင်မြန်စွာ ကူးစက်ပျံ့နှံ့ သလို ရောဂါကလည်း ပြင်းထန်ခြင်းကြောင့်
ရှေ့တွင် ဖြစ်ပွားခဲ့သည့် ပထမလှိုင်း၊ ဒုတိယလှိုင်းတို့နှင့် နှိုင်းယှဉ်ပါက ဆေးဝါး၊
ဆေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအပါအဝင် လိုအပ်ချက်များ လွန်စွာမြင့်မားခဲ့သည်။
အောက်ဆီဂျင်ဆလင်ဒါအိုး၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အောက်ဆီဂျင်အရည်၊ အိမ်သုံး အောက်ဆီဂျင်စက်၊
အိမ်သုံးဆေးဝါးများ စသည်တို့ ဈေးကွက်ကောင်းဆိုမှုများပြားသည်နှင့်အမျှ ဈေးကွက်တွင်
ပစ္စည်းပြတ်လပ်ပြီး ဈေးနှုန်းများမှာလည်း ပုံမှန်ထက် အဆများစွာ မြင့်တက်လာခဲ့သည်။ ကုန်စည်တစ်ခု၏ထုတ်လုပ်မှု
တင်သွင်းမှုနှင့် ဝယ်ယူမှုတို့၏ ဆက်စပ်မှုတွင် ဝယ်ယူမှုများပြားပါက ဈေးနှုန်းမြင့်တက်လေ့ရှိသည်မှာ
သဘာဝဖြစ်သော်လည်း ဝိသမလောဘဖြင့် ဈေးကစားရန် ရည်ရွယ်၍ ကုန်ပစ္စည်းများကို သိုလှောင်ထားပြီး
ဈေးကွက်တွင် ပစ္စည်းပြတ်လပ်စေကာ ဈေးနှုန်းမြှင့်တင်ခြင်း ကမူ ကပ်ရောဂါကာလ ဆေးနှင့်ဆေးပစ္စည်းများ
အပေါ်တွင် ပြုလုပ်သင့်သည် မဟုတ်ပေ။ အသက်အန္တရာယ်
ရှိသည့်ရောဂါအတွက် ဆေးဝါးများကို ဈေးကစားခြင်းက လူသတ်မှုနှင့် မခြားဟုပင် ဆိုရမည်ဖြစ်သည်။
ပြီးခဲ့သည့်
ရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ ဆေးနှင့်ဆေးပစ္စည်း တင်သွင်းဖြန့်ဖြူးရောင်းချသည့်
လုပ်ငန်းများ၏ ဆေးဝါးသိုလှောင်ရုံ အချို့ကို
သက်ဆိုင်ရာကဝင်ရောက်ထိန်းချုပ်ကာ ဆေးဝါးတင်သွင်းမှု၊ သိုလှောင်မှု၊ ဖြန့်ဖြူးရောင်းချမှု
တို့ပုံမှန်အတိုင်းဖြစ်စေရေးအတွက် တည့်မတ်ဆောင်ရွက်ပေးခဲ့ရာ ဈေးကစားရန် ရည်ရွယ် ချက်ဖြင့်
ဆေးနှင့်ဆေးပစ္စည်းသိုလှောင်သူအချို့ကိုလည်း တွေ့ရှိခဲ့ရကြောင်း သိရသည်။ ဝိသမလောဘ သမားတို့အနေဖြင့်
ပုံမှန်ထက် အမြက် ကြီးကြီးရစေရေးအတွက် ဆေးဝါးနှင့် ဆေးပစ္စည်းများကို ဈေးကစား ခြင်းသည်
ဆေးဝါးကို မဖြစ်မနေသုံးစွဲရမည့်သူများအပေါ်တွင် နောက်ထပ်ဝန်ထုပ်ဝန်ပိုးတစ်ခုကို ထပ်၍တင်
ပေးလိုက်ခြင်းပင် ဖြစ်ရာ လွန်စွာအပြစ်ကြီးသည့် လုပ်ရပ်ပင်ဖြစ်သည်။
"ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆေးပစ္စည်းများ အခြေခံ အိမ်သုံးဆေးပစ္စည်းများနှင့် ပတ်သက်၍ မည်သည့်ကန့်သတ်ချက်မျှ မထားရှိဘဲ တင်သွင်းခွင့် ပေးထားပြီးဖြစ်သဖြင့် သက်သာသော ဈေးနှုန်းများဖြင့်သာ ရောင်းချပေးစေလိုကြောင်း၊ ရန်ကုန်နှင့် အချို့မြို့ကြီးများမှတစ်ဆင့် ရပ်ဝေးဒေသများသို့ ဖြန့်ချိခြင်းများ လုပ်ဆောင်ရခြင်းဖြစ်သဖြင့် တိုက်ရိုက်မရောက်ရှိဘဲ တစ်ဆင့်ခံ ရောက်ရှိ သုံးစွဲရသူများအတွက်ပါ ထည့်သွင်းစဉ်းစား၍ ဈေးနှုန်း သက်သက်သာသာနှင့် ဝယ်ယူသုံးစွဲနိုင်အောင် ကိုယ်ချင်းစာတရားထား၍ လုပ်ဆောင်ပေးကြစေလိုကြောင်း၊ ထို့ပြင် ဆေးဝါးများ expired မဖြစ်စေရေးနှင့် လိုအပ်နေသူများထံသို့ အချိန်မီရောက်ရှိ စေရေး လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း” နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ရာဆေးနှင့် ဆေးပစ္စည်းတင်သွင်း ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် "ကုသိုလ်လည်းရ ဝမ်းလည်းဝ”စေကာ နှစ်ဦးနှစ်ဖက်မျှတစွာ ရောင်းဝယ်ဖောက်ကား နိုင်ကြပါစေကြောင်း။ ။

No comments:
Post a Comment