မကွေး ဩဂုတ်၂၄
မကွေးတိုင်းဒေသကြီးအတွင်း သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ စိစစ်ရွေးချယ်ရေး အစည်းအဝေးကို တိုင်းဒေသကြီး သာသနာရေးမှူးရုံး၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပရာ မကွေးတိုင်းဒေသကြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ စိစစ်ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မကွေးတိုင်း ဒေသကြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ စိစစ်ရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး သာသနာရေးမှူး ဦးသန်းစိုးက ဘွဲ့တံဆိပ်တော်များ လက်ခံရရှိသည့် အရေအတွက်ကို ဘွဲ့အမည်စာရင်းအလိုက် ဖတ်ကြားတင်ပြခဲ့ပြီး တက်ရောက်လာကြသော ကော်မတီဝင်များမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆပ်ကပ်နိုင်ရေးအတွက် သတ်မှတ်ချက်များနှင့်အညီ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ချီးမြှင့်နိုင်ရေး အတွက် လျှောက်ထားသူ ရဟန်းသံဃာတော် ၇၃ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦး လျှောက်ထားကြောင်း တိုင်းဒေသကြီး သာသနာရေးဦးစီးမှူးရုံးမှ သိရသည်။
ကိုအောင်


No comments:
Post a Comment