ချောင်းဆုံ ဩဂုတ် ၂၆
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ရော်ဘာစိုက်ပျိုးသည့် ခြံရှင်များနှင့် ရော်ဘာအစေးလှီးသူ များ စနစ်တကျ အစေးခြစ်ခြင်းစနစ်များ မှန်ကန်စွာအသုံးပြုနိုင်ရန်နှင့် ရေရှည်တည်တံ့သော ရော်ဘာ စိုက်ပျိုးထုတ်လုပ်နိုင်ရန် သဘာဝပတ်ဝန်းကျင် မပျက်စီးစေဘဲအလုပ်အကိုင်အခွင့် အလမ်းများ ရရှိရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီက ကုလားဘီကျေးရွာ ဝါးလက်မှု လုပ်ငန်း ထုတ်လုပ်သည့် အလုပ်ရုံတွင် ရော်ဘာအစေးလှီးခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးဦးကျော်လွင်က သင်တန်းဖွင့်လှစ်ရခြင်း၏
ရည်ရွယ်ချက် နှင့်
အစေးခြစ်လုပ်သားအနေနှင့် ရာသီအလိုက်မှန်ကန်သော အစေးခြစ်ခြင်းစနစ်များကျင့်သုံး၍
ရော်ဘာအထွက်နှုန်း တိုးတက်စေပြီး အရည်အသွေးကောင်းမွန်သော ရော်ဘာပြားများအား ထုတ်လုပ်နိုင်ခြင်း၊
ရော်ဘာအစေးခြစ်လမ်းကြောင်းတွင် ကျရောက်တတ်သောရောဂါ အကြောင်း အရာများ၊
သိရှိနိုင်ပြီး ကာကွယ်နှိမ်နင်းခြင်း၊ နည်းလမ်းများလည်း သိရှိရသဖြင့်
နည်းလမ်းမှန်ကန် စွာကုသနိုင်ခြင်း၊ စိုက်ပျိုးရေး ပညာရှင်များနှင့်
တောင်သူငယ်များ၊ခြံရှင်များနှင့်ထိတွေ့ရာတွင် တောင်သူနှင့် ခြံရှင်ငယ်တို့၏
လိုအပ်ချက်များဖြည့်ဆည်းနိုင်သဖြင့် စီးပွားရေးအတွက် အထောက် အကူပြုနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ
ရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် နည်းပြများဖြစ်ကြသော စိုက်ပျိုးရေးဦးစီးဌာနမှဒုတိယဦးစီးမှူးဦးဆန်းဦး ခေါင်းဆောင် သော နည်းပြ(၄)ဦးတို့က သင်တန်းသား/သူ (၂၅)ဦးအား စာတွေ့/လက်တွေ့ဖြင့် သင်တန်းချိန် နံနက်(၁၀) နာရီမှ ညနေ (၄)နာရီအထိ သင်တန်းကာလ ဩဂုတ် (၂၅)ရက်မှ (၂၇)ရက်အထိ (၃)ရက်ကြာ ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်လွင်ထံမှ သိရသည်။


No comments:
Post a Comment