Saturday, August 7, 2021

ပူတာအိုတပ်နယ်ဧက (၅၀၀) ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ(နမ့်တာလဲ)သို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းကြည့်ရှုအားပေး

 



ပူတာအို ဩဂုတ် ၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစွာရရှိရေးတို့အတွက် ပူတာအိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ် နှင့်အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့၀င်များသည် စစ်ဗျူဟာအဖွဲ့ (အခြေချ)ပူတာအိုမှ ဗျူဟာမှူး ဗိုလ်မှူးကြီး ၀င်းမင်းသိမ်းနှင့်အတူ ပူတာအိုတပ်နယ် ဧက(၅၀၀) ဘက်စုံစိုက် ပျိုးမွေးမြူရေးခြံ (နမ့်တာလဲ)ကို ယမန်နေ့ နံနက်(၉)နာရီက ကွင်းဆင်းကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့၀င်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့၀င်များနှင့် စစ်ဗျူဟာအဖွဲ့(အခြေချ) ပူတာအို ဗျူဟာမှူးတို့က ပူတာအိုတပ်နယ်ဧက (၅၀၀) ဘက်စုံစိုက်ပျိုးမွေး မြူရေးခြံ(နမ့်တာလဲ)ရှိ ရှုရပ်မျှော်စင်မှ စိုက်ပျိုးမွေးမြူရေး မြေနေရာချထားမှု အခြေအနေများအားကြည့်ရှုအားပေးပြီး စိုက်/ မွေး ခြံတာ၀န်ခံက ဧက(၅၀၀) ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း(နမ့်တာလဲ) အကွက်ချပုံစံအား ယူတီအမ်မြေပုံဖြင့် လိုက်လံရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်တာ၀န်ရှိသူများသည် ဥစားကြက်ကောင်ရေ (၁၀၀၀)၊ အသားတိုး၀က်ကောင်ရေ(၆၅)ကောင်၊ ဆိတ်ကောင်ရေ(၇၂)ကောင်၊ နို့စားနွား(၆)ကောင် မွေးမြူထားရှိမှုအခြေအနေများ၊ နာနတ်စိုက်ခင်း(၄)ဧက၊ဝါး(၁၀)ဧက၊ ဘုရင်သီး(၃.၅)ဧက၊အမေရိကန်သံပရာ(၂၀)ဧက၊ ဂရိတ်ဖရုပင်(၃၀)ဧက၊လက်ဖက်(၁၀)ဧက စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် ၀ဥ (၁)ဧကစမ်းသပ်စိုက်ပျိုးထားရှိမှုအခြေအနေ များကို ကြည့်ရှုအားပေးသည်။

ထို့နောက်ခြံတာ၀န်ခံက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဘက်စုံစိုက် ပျိုးမွေးမြူရေးခြံမှ ထွက်ရှိသောထုတ်ကုန်များကို ပူတာအိုမြို့နယ်အတွင်း အများပြည်သူများအား ဈေးနှုန်းသက် သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးနေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်က လိုအပ်ချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်

No comments:

Post a Comment