စစ်တွေ ဩဂုတ် ၇
ရခိုင်ပြည်နယ်
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေးနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်းစည်းဝေးကို ယနေ့နံနက် ၉ နာရီက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပခဲ့သည်။
ညှိနှိုင်းအစည်းအဝေးသို့
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်
တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊
အစိုးရအဖွဲ့အတွင်းရေးမှူး၊ နယ်မြေခံတပ်မတော်အရာရှိများနှင့် ပြည်နယ်၊ ခရိုင်အဆင့်ဌာန
ဆိုင်ရာများတက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကိုဗစ်-၁၉
ရောဂါကူးစက်မှုနှုန်း ကျဆင်းလာသည့် အခြေ၊ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေ၊
ပြည်နယ်အတွင်းရှိ ဆေးရုံများ တွင် အောက်ဆီဂျင်ပြတ်လတ်မှုမရှိစေရေး ကူညီဆောင်ရွက်ပေးနေမှုအခြေအနေ၊
သဘာဝဘေး ကြောင့်ဖြစ်သည့် ကျန်းမာရေးနောက်ဆက်တွဲ ကူးစက်နိုင်သောကာလဝမ်းရောဂါနှင့် အခြားသော
ရောဂါများကို ကုသပေးနိုင်ရန်ဆေးရုံများတွင် ဆေးများဖြည့်ဆည်းပေးထားမှုအခြေအနေ၊ သဘာဝ
ဘေးအန္တရာယ်ကျရောက်လာပါက ခိုလုံရာနေရာများ တည်ဆောက်ထားရှိမှု ကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန်
ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်ထားမှု၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးသင့်ပြည်သူများအား
ကူညီဆောင်ရွက်ပေးနေမှု၊ အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ဆောင် နိုင်ရန် အသင့်ဆောင်ရွက်ထားရှိမှုအခြေအနေ၊
ပြည်နယ်အတွင်းရှိ ဆည်တမံများတွင် ရေဝင်ရောက်မှု နှင့်ရေသိုလှောင်ထားရှိမှု၊ ဆည်တမံများကြံ့ခိုင်မှုကို
နေ့ညမပြတ်စောင့်ကြည့်နေမှု အခြေအနေများ၊ ပြည်နယ်အတွင်း မြို့နယ်များတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်
လမ်းတံတားများပျက်စီးဆုံးရှုံးမှု အခြေအနေများ၊ နေရပ်ပြန် တိုက်ပွဲရှောင်ပြည်သူများအား
ပြန်လည်နေရာချထားမှုများ၊ နေအိမ်များ ဆောက်လုပ်ပြီးစီးမှုအခြေအနေများ၊ တိုက်ပွဲရှောင်စခန်းများရှိ
ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေမှု၊ ဆက်လက်ထိုးနှံပေးမည့် အခြေအနေများနှင့်
နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနေသည့် အခြေအနေများအားရှင်းလင်းတင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ်
ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူးတို့က
ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပေါင်းစပ်ညှိနှိုင်းပေးကာ
နိဂုံးချုပ်အမှာစကားပြောကြားကြသည်။
ထို့နောက်
ပြည်နယ်ဝန်ကြီးချုပ်သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန် ကြီးများ၊
တာဝန်ရှိသူများနှင့်အတူ ကိုဗစ်-၁၉ ရောဂါ တတိလှိုင်း ဖြစ်ပွားနေသည့် ကာလအတွင်း ဒေသတွင်း
စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး
လိုအပ်သည်များဖြည့်စွက်ဆောင်ရွက်ပေးနိုင်ရန် ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန်- စစ်တွေအဝေးပြေး
ကားလမ်းဘေးရှိ ဒေါ်ခက်ရင်၏ ပုဂ္ဂလိကပိုင် နေကြာပန်းကုမ္ပဏီ ဒေသရွှံ့ကဏန်းမျိုးစိတ်
ကဏန်း ပျော့မွေးမြူရေးလုပ်ငန်းနှင့် ဒေါ်အေးအေးသက်တို့၏ ပုဂ္ဂလိကပိုင်
Advance Seafood ကုမ္ပဏီလီမီ တက် ဒေသရွှံ့ကဏန်းမျိုးစိတ်
ကဏန်းပျော့မွေးမြူရေးလုပ်ငန်းတို့ကို သွားရောက်ကြည့်ရှု အားပေး ကြသည်။
ထိုသို့သွားရောက်ကြည့်ရှုစဉ်
ကဏန်းပျော့ မွေးမြူရေးကန်တာဝန်ခံများက မွေးမြူရေးကန်တွင် ကဏန်းဖေါင်များဖြင့် မွေးမြူထားမှု၊
အစာကျွေးခြင်း၊ ကဏန်းပျော့ကောက်ယူမှု၊ ကဏန်းပျော့များ အားရေချိုဆေးသန့်စင်ခြင်း၊ ထုတ်ပိုးခြင်းနှင့်အအေးခန်းများဖြင့်
သိုလှောင်ထားရှိမှုတို့ကို လိုက်လံရှင်း လင်းပြသကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က
ဒေသရွှံ့ကဏန်းများရရှိမှုအခြေအနေ၊ ထုတ်ကုန်များအား တင်ပို့ရောင်းချနေမှုအခြေအနေ၊ လုပ်ငန်းခွင်အတွင်း
လုပ်သားအင်အားသုံးစွဲမှု၊ အလုပ်သမားများအား ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံပေးထားမှုနှင့်
လုပ်ငန်းအတွက် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)
No comments:
Post a Comment