ကော့သောင်း သြဂုတ် ၂၅
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုလုပ်ငန်း စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆောင်ရွက်ပေးမှုတွင် လက်ရှိကူးစက်ဖြစ်ပွားလျက်ရှိသည့်
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်အကြံပြုချက်များနှင့်အညီ
ကော့သောင်းမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်
ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နယ်မြေခံတပ်ရင်းတပ်ဖွဲ့များရှိ အသက်(၁၀)နှစ် ပြည့်ပြီးမိသားစုဝင်များ၊
နှင့်အသက်(၁၈)နှစ်ပြည့် ပြီးသူများ၊ အကြောင်းကြောင်းကြောင့် နိုင်ငံသားကတ်ပြား ပျောက်ဆုံးပျက်စီးသူများ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ရန် ကျန်ရှိသေးသူများအား
ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းခရိုင်၊ ခမောက်ကြီးတပ်နယ်၊ တပ်ရင်းတပ်ဖွဲ့များ၏ မိသားစုများအား
ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကော့သောင်းမြို့နယ်အတွင်း အသက်(၁၈)နှစ်ပြည့် ဆောင်ရွက်ပေးရန် လူဦးရေ (၁၅၇၆၆)
ဦးရှိ ကြောင်း၊ အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်
မရှိသေးသော ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် (၁၈) လကြာ အချိန်ယူကာ ကိုဗစ်-၁၉ ရောဂါ
ထိန်းချုပ်ရေး စည်းကမ်းချက် များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ သိရသည်။
ကျော်စိုး (ကော့သောင်း)

No comments:
Post a Comment