နမ့်စန်(တ) ဩဂုတ် ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် လွိုင်လင်ခရိုင်အတွင်းရှိ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နေလယ် ၁ နာရီခွဲ က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လွိုင်လင် ခရိုင်အတွင်းရှိ မသန်စွမ်းသူများအတွက် ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေ (၂၄၆ .၆) သိန်း ကျပ် နှင့် လွိုင်လင်ခရိုင်အတွင်းရှိ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာများအတွက် ရှမ်းပြည်နယ်အစိုးရမှ ထောက်ပံ့သည့် ကြက်ဥအလုံး ၃၈၀၀ ကျော်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က ပေးအပ်ခဲ့ပြီး လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင် က လက်ခံရယူခဲ့သည်။
ဆက်လက်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ၁၀ သိန်းကျပ်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က ပေးအပ်ရာ နမ့်စန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး က လက်ခံရယူခဲ့သည်။
ထို့နောက် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် ၁၀ သိန်း ကျပ်စီကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုး ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ အတွင်းရေးမှူး ဦးနေလင်း၊ လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကို တို့က အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြပြီး ကွန်ဟိန်း၊ လွိုင်လင်၊ လဲချား၊ ကျေးသီး၊ မိုင်းရှူးနှင့် မိုင်းကိုင်မြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများလက်ခံရယူခဲ့ကြသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်း ၆ မျိုး ( Mask၊ PPE၊ Apron၊ Face shield ၊Hand Gel၊ Hat )ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဥပဒေချုပ် ဦးစိုင်းကျော်စံ က လည်းကောင်း ၊ Hand Speaker ၁၅ ခု ၊ လက်အိတ် ၁၀၀၀ ခု နှင့် Hand Gel ၁၀၀ ဘူး တို့ကို ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ပြည်နယ်သဘာဝဘေး စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးတို့က လည်းကောင်း ပေးအပ်ခဲ့ပြီး လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင် ကလက်ခံရယူ ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်
No comments:
Post a Comment