နေပြည်တော်၊ ဩဂုတ် ၂၅
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများဖြစ် ပေါ်ပြီး ဈေးကွက်အတွင်းရောင်း ချရန်အခက်အခဲဖြစ်နေသည့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ သီးနှံစိုက်ခင်းများသို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ဝယ်ယူပေးလျက်ရှိရာ ဩဂုတ် ၂၄ ရက်တွင် ရှမ်းပြည်နယ်
(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ယာပြင်ကျေးရွာရှိ ဒေသခံပြည်သူများ၏ သီးနှံစိုက်ခင်း များမှ ဂေါ်ဖီထုပ် ၂၀၀၀ ထုပ်နှင့် ပန်းဂေါ်ဖီ ၂၀၀၀ ထုတ်တို့ကို နယ်မြေခံတပ်မတော် သားများက သွားရောက်ဝယ်ယူခဲ့ပြီး ယနေ့တွင် လားရှိုးမြို့၊ သိန်းနီမြို့နှင့် နမ့်ပေါင်မြို့များရှိ တပ်မတော်သားမိသားစုဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။သတင်းစဉ်
No comments:
Post a Comment