နေပြည်တော်၊
သြဂုတ် ၁
မေး။ ပေါက်မြို့နယ်၊ ဝန်ခြုံးကျေးရွာမှာ ဇူလိုင် ၃၁ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မီးရှို့တယ်ဆိုပြီး သတင်းထွက်ပေါ်နေမှုနှင့် ဝန်ခြုံးကျေးရွာနဲ့ ပင်တောင်ရွာကြားမှာ ထောင်ထားတဲ့ မိုင်းများနင်းမိတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး သတင်းမှန်ကို သိလိုပါတယ်ရှင်။
ဖြေ။
PDF လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူ ၄၀ ဦးခန့်သည် လက်နက်ငယ်များ ၊ တူမီးသေနတ်များ
ကိုင်ဆောင်၍ ပေါက်မြို့နယ်ရှိ ပင်တောင်ကျေးရွာအား တိုက်ခိုက်ဖျက်ဆီး ရန်အတွက် ၂၀၂၁
ခုနှစ်၊ ဇူလိုင်လ ၃၁ ရက် နံနက် ၉ နာရီတွင် ပင်တောင်ရွာ၏ အနောက်တောင် ဘက် မီတာ ၃၀၀၀
ခန့်ရှိ တောင်ကုန်း တစ်ခုပေါ်သို့ရောက်ရှိစဉ် ပင်တောင်ရွာသား ၂၀ ဦးခန့်က ရွာ၏အနောက်တောင်ဘက်
မီတာ ၁၃၀၀ ရှိ တောင်ကုန်းက စောင့်ကြိုခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။
နံနက်
၁၁ နာရီတွင် PDF လက်နက်ကိုင်အကြမ်းဖက်သမားများသည် နွယ်ခေါင်ရွာမှ ပင်တောင်ရွာသို့ ဆိုင်ကယ်
ဖြင့်ပြန်လာသော ပင်ထောင်ရွာနေ ဦးထီမြို့ ၄၈ နှစ်နှင့် နွယ်ခေါင်ရွာနေ မောင်နိုင်လင်း
၁၉ နှစ်တို့ နှစ်ဦးအား အကြောင်းမဲ့ဖမ်းဆီးကာ အနောက်ဘက် ဝန်ကြုံးရွာဘက်သို့ ဆုတ်ခွာသွားခဲ့သည်။
၁၁:၃၀ နာရီတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဆုတ်ခွာသွားသော PDF လက်နက်ကိုင်အကြမ်း
ဖက်သမားများအား လိုက်လံ ဖမ်းဆီးရာ ပင်တောင်နှင့် ဝန်ခြုံးရွာကြားအရောက်၌ ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး
၁၂:၄၀ နာရီတွင် PDF များသည် ထပ်မံဆုတ်ခွာစဉ် ပင်တောင်ကျေးရွာနေ နေမင်းလတ် ၁၉ နှစ်အား
တွေ့ရှိ၍ ထပ်မံဖမ်းဆီး ခေါ်ဆောင်ဆုတ်ခွာသွားခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက
ဆက်လက်လိုက်လံဖမ်းဆီးရာ ဝန်ခြုံးရွာအဝင်ရှိ PDF များနေထိုင်ခဲ့သည့် တဲအတွင်းမှ လက်လုပ်မိုင်း
၄ လုံးနှင့် မိုင်းထောင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့ပြီး
ဦးထီမြို့မှာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေပြီး မောင်နိုင်လင်းမှာ ယာပေါင်တူမီး ကျည်ထိမှန် ဒဏ်ရရှိသည်ကို
တွေ့ရှိရသဖြင့် ပေါက်မြို့ပြည်သူဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးခဲ့သည်။
PDF
လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများသည် ဆုတ်ခွာထွက်ပြေးစဉ် ဝန်ခြုံးကျေးရွာ အနောက်တောင်ဘက်ရှိ
၎င်းတို့အသုံးပြုရန် သိုလှောင်ထားသော ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများအား ဖျက်ဆီး၍ ထွက်ပြေးသဖြင့်
နေအိမ်အချို့ ပျက်စီးမှုရှိခဲ့သည်။
အလားတူ PDF လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများသည် ဇူလိုင်လ ၃၁ ရက် ည ခုနှစ်နာရီခန့်တွင် မင်းကင်းမြို့နယ် ပန်းဆက်ကျေး ရွာတောင်ဘက် ၃ ဖာလုံခန့်ရှိ(ဒေသအခေါ် တောင်ခုံ)လူနေအိမ် ၂၇ လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် မီးရှို့ဖျက်ဆီး ခံရသည့် နေအိမ်များရှိ အပြစ်မဲ့မိသားစုများမှာ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအား ကြောက်လန့်နေသဖြင့် နီးစပ်ရာဆွေ မျိုးများနေအိမ်တွင် တိမ်းရှောင်နေထိုင် နေရကြောင်းသိရှိရသည်။
No comments:
Post a Comment